Part (22)

441 26 0
                                    

Unicode

အိမ်ဝိုင်းထဲမှာ ဖိုးမူက ကာလသားများ စာရင်းကောက်သည်နှင့်ပတ်သက်၍ အလုပ်ရှုပ်နေသလို မင်းဓနရှိန်ကတော့ ခက်ရောင်ခြည်၏ အနားကိုကပ်လိုက် ခက်ရောင်ခြည်ကို ငေးကြည့်လ်ိုက်နှင့်အလုပ်ရှုပ်နေလေသည် ။

'' သူကြီးဗျို့ သူကြီး ''

အချင်းအရာကို ကြည့်သည်နှင့်တင် အိမ်ဝိုင်းထဲသို့ ဝင်လာသည့် မိန်းမနှစ်ဦးက မကြာသေးခင်အချိန်က မင်းဓနရှိန်နှင့် ရန်ဖြစ်ပြီးထွက်သွားသည့် အကောင်နှစ်ယောက်၏ မိခင်တွေဖြစ်ကြောင်းသိသာလှပေသည် ။

ဤရန်ပွဲက ဘယ်ကနေ ဘယ်လို အစပျိုးလို့သွားမှန်းမသိသည့် သူတွေက ဖြေရှင်းဖို့ရန် အခက်တွေ့နေပေမယ့်လည်း မင်းဓနရှိန် ကတော့ ခြေပေါ်ခြေဆင့်ထိုင်ရင်း အရှေ့တစ်နေရာသို့ အငေးမပြတ် ။ ခက်ရောင်ခြည်မှာတော့ ပြဿနာတွေ ကြီးလာလို့ သူကြီးပါ ရောက်လာခဲ့လျှင် ဘာဖြစ်မလဲဆိုသည့်အတွေးဖြင့် စားပွဲအောက်မှာ ထားထားသည့် လက်တွေက စိတ်လှုပ်ရှားမှုဖြင့် ပွတ်တိုက်လို့နေပေသည် ။ ဤမြင်ကွင်းကို လျှပ်တပြတ်မြင်သွားသည့် မင်းဓနရှိန် ကတော့ ချစ်ရသူ၏ လက်လေးကို အုပ်မိုးလို့ကိုင်ကာ အနွေးဓာတ်တွေ ဖြန့်ကြဲရင်း တစိမ့်စိမ့် ကြည့်လို့နေပေသည် ။

'' သူကြီးရေ သူကြီးဗျို့ အို အိိမ်ဝိုင်းက လူတွေ ကန်းနေကြလား မသိပါဘူးတော် ''

တင်းမာသထက်တင်းမာလို့လာသည့်အခြေအနေ​ကြောင့် ဖိုးမူက အနားသွားလိုက်ကာ

'' ဒီအချိန်​က သူကြီးအနားယူနေပါတယ်ဗျ ။ အသံလေးလျှော့ပြောပေးပါ ''

တဘီကို မ ကာ ပြောနေသည့် မိန်းမကြောင့် ဖိုးမူမှာ ရင်တမမ ။

'' ကျုပ်တို့ အခုပဲ သူကြီးနှင့်တွေ့ချင်တာ ''

ဘယ်လိုပြောပြော နားလည်ကြမှာ မဟုတ်ဘဲ တိုးဆိုကာမှ အာပြဲကြီးနှင့် အော်နေသော မိန်းမ​ကြောင့် ဖိုးမူလည်း အိမ်ထဲသို့ဝင်ပြီး သူကြီးကို ဝင်ခေါ်ရသည် ။ ဖိုးမူတစ်ယောက် သူကြီးသွားခေါ်တာတောင် ခုထက်ထိ မဖြေလျှော့နိုင်သေးဘဲ ခက်ရောင်ခြည်၏ မျက်နှာကို ပေါက်ထွက်မတတ်စူးစိုက်ကာကြည့်နေလေသည် ။ ထိုအမျိုးသမီးများကလည်း ခက်ရောင်ခြည်ကို ပြူးကာကြည့် မင်းဓနရှိန်ကလည်း ထိုအမျိုးသမီးများကို ပြူးကာကြည့်ကြနှင့်ဇာတ်လမ်းကတော့ လှပေပြီ ။

 စိန်ပန်းနီနီ မောင့်ကိုတည်Where stories live. Discover now