Unicode
အချိန်အတော်ကြာ နှစ်ယောက်သားစကားပြောပြီးတဲ့ နောက်မှာ မင်းဓနရှိန်လည်း မိမိ၏ အိမ်ရှိရာအရပ်သို့ပြန်သွားသလ်ို ခက်ရောင်ခြည် လည်း အိမ်ဝိုင်းသို့ပြန်သွားလေသည် ။ အိမ်ဝိုင်းထဲဝင်ဖို့ခြေလှမ်းလှမ်းနေစဥ် ကြားလိုက်ရတဲ့ ဒေါ်ခင်မေ ၏ သူ့အပေါ်ထားတဲ့ စိတ်ထားအားကြားယောင်ပြီး သူအာစေးမိသွားခဲ့သည် ။ ဘာတစ်ခုမှမပြောနိုင်ပဲ ရင်ဘတ်ထဲကအောင့်တက်လာခဲ့သည် ။ '' သိပ်ချစ်လို့တော့မဟုတ်ဘူး အလုပ်ခိုင်းစရာရှိလို့ '' ဆိုသည့် စကားများဟာ သူ့ရင်ကို ထက်ခြမ်းခွဲနေသလိုပင် ။ သို့သော်လည်း ဒီစကားများဟာ အမြဲတမ်းလိုလ်ိုကြားနေသည့်စကားများဖြစ်သည့်အတွက် သူ့အတွက်ဘာမှထူးခြားမှုမရှိတော်ချေ ။
စိတ်ညစ်စရာအချိန်များကိုတွေးတာ ခပ်ဟဟဖြင့်ရင်နာနေစဥ်
အခုနက တွေ့ပြီး စကားပြောခဲ့တဲ့ အနှီကောင်လေးကို သတိရသွားသည့်အခါမှာတော့ မျက်နှာပေါ်တွင် အပြုံးလေးတစ်ခုပေါ်ပေါက်လာလေသည် ။ ခက်ရောင်ခြည်လည်း ဘာတစ်ခုမှမစဥ်းစားတော့ဘဲ အိမ်ဝိုင်းထဲသို့ဝင်သွားသည့်အခါမှာ အဘ က သူ့အား အားနာပြီးတစ်ခုခုကို ကြားသွားမလားဆိုတဲ့အတွေးဖြင့်ထိတ်လန့်တဲ့ပုံစံပေါက်နေပေမယ့် ဒေါ်ခင်မေကတော့
နှုတ်ခမ်းတစ်ဖက်ကိုတွန့်ချိုးထားကာ မထိတထိပြုံးနေလေသည် ။ သူလည်းဘယ်သူဘယ်ဝါကိုနှုတ်ဆက်တယ်မဟုတ်ပဲနဲ့ နှစ်ယောက်လုံး၏ ရှေ့မှောက်မှာရပ်ကာ " ကျွန်တော်ပြန်ရောက်ပါပြီ " ဟု အလျဥ်းနှုတ်ဆက်သော် အဘကတော့ ခေါင်းငြိမ့်ကာ အစိအမှတ်ပြုပေမယ့် ဒေါ်ခင်မေက စကားတစ်ခုခုကို မတိတထိပြောဖို့ကြံရွယ်နေဆဲဖြစ်လေသည် ။နောက်ထပ်ခါးသီးတဲ့စကားတွေကိုခံနိုင်ရည်မရှိတော့သည်ကြောင့် အဘထံမှ အသိအမှတ်ပြုသည်နှင့် အိမ်ထဲသို့ သုတ်ခြေတင်ကာ ဝင်တော့လေသည် ။ အိမ်ဝိုင်းအပြင်မှာရှိသည့် ဒေါ်ခင်မေကတော့ ဒေါသတွေထွက်ပြီး မျက်နှာတွေရဲတွတ်လို့နေမည်မှာတော့ မလွဲမသွေပင် ။
အချိန်တစ်ခနကြာသည့်အခါမှာ အဘ၏ တပည့်တွေထဲကတစ်ဦးက ခက်ရောင်ခြည်၏ အခန်းတံခါးကိုခေါက်ပြီး " သူကြီးရော ၊ သူကြီးကတော်ပါ ကိစ္စ တစ်ခုရှိလို့ အပြင်သွားပါသည်ဟုပြောသောအခါ အိမ်ဝိုင်း၏အလယ်မှာ ကပ်ထားသည့် စာအုပ်စင်သေးသေးလေးထဲက စိတ်ကြိုက်ရွေးယူဖြီး ကွပ်ပြစ်မှာ ဝင်ထိုင်တော့ နဖူးမှာ အနည်းငယ်ဖူးယောင်နေသော ဒဏ်ရာဖြင့် ခပ်ရွဲရွဲထိုင်နေသော အမောင်ဖိုးမူကို တွေ့သောအခါ ခက်ရောင်ခြည်တစ်ယောက်အနားသို့သွားလေပြီး
YOU ARE READING
စိန်ပန်းနီနီ မောင့်ကိုတည်
Romanceမင်းဓနရှိန် + ခက်ရောင်ခြည် မိဘမေတ္တာကို သိပ်တောင့်တနေတဲ့ သူဋ္ဌေးသားလေး " မင်းဓနရှိန် '' ဆိုသူဟာ စိတ်ဒဏ်ရာတွေ ရှိခဲ့တဲ့ သူကြီးသား " ခက်ရောင်ခြည် '' ဆိုသည့် ကောင်လေး၏ ဘဝထဲကို ဇွတ်တရွတ်ဝင်လာလေသောအခါ 2/2/2022 ( Starts) Written By Both Fonts