Part (3)

1.1K 69 5
                                    

Unicode

သူကြီး၏အိမ်ဝိုင်းသို့လာရောက်လေကြသော သူများလည်း အလျှိုလျှို ပြန်ကုန်ကြမှ သူကြီးလည်း ပင်ပန်းသောကြောင့် မိမိအိပ်ခန်းထဲသို့သာဝင်၍အနားယူလိုက်လေသည် ။ လူတွေအားလုံးပြန်ကုန်ကြမှ ခက်ရောင်ခြည်လည်း ရှင်းစရာရှိသည်များကိုရှင်းလိုက်လေပြီး အိမ်တစ်အိမ်လုံးကို အမှိုက်သရိုက်တစ်စက်မှ မကျန်ရှိလေအောင်ရှင်းလိုက်လေသည် ။ အရာအားလုံးရှင်းပြီးကာမှ အဘ၏စာအုပ်စဥ်သေးသေးလေးမှ မျက်စိကြိုက်ရာ တအုပ်ကိုရွေးလေပြီး အိမ်ရှေ့မှ ကွပ်ပျစ်ဝိုင်းမှာ ထိုင်ဖတ်ဖို့ လှည့်ထွက်စဥ် ရုတ်တရက်ကြီး အသံတစ်သံကြားလိုက်သည့်အတွက် လှည့်ကြည့်လိုက်ရာ ခြေဆန့်လက်ဆန့်ဖြင့် မိနန်းတစ်ယောက် အခန်းထဲက ထွက်လာလေပြီး အမှိုက်သရိုက်အချို့ကိုလည်း မိမိ၏ ခြေထောက်နှင့် အပြင်သို့ဆွဲလာသည်ဖြစ်လေသည် ။ ခက်ရောင်ခြည်လည်း သူ သန့်သန့်ပြန့်ပြန့်ထားသည့်နေရာဟာ ရုတ်တရက်ကြီး ပြန်ညစ်ပတ်လို့သွားလေသဖြင့် ဒေါသကမဆိုသလောက်လေးထွက်လို့လာလေကာ

'' မိနန်း ဒါ ဘာလုပ်နေတာလဲ ။ ငါအခုပဲ အသေအချာရှင်းထားတာလေ ''

'' အို တစ်ခါရှင်းပြီး နောက်တစ်ခါ ထပ်ရှင်းလိုက်လေတော့ ဘာများဖြစ်သွားလဲ ''

'' ဒီအလုပ်က အားတဲ့သူလုပ်ကြေးလေ ။ ညဥ်းလည်းအိမ်မှာ အားနေတာပဲ အလုပ်လေးဝိုင်းကူကာ မလုပ်ဘဲ အခု ပိုပြီး အလုပ်ရှုပ်အောင်လုပ်နေပြန်ပြီ ။ ''

'' အို ကျုပ်တို့ကြားထဲ ကွားခြားတာတစ်ခုရှိတယ်လေ မေ့နေရောလား ။ ကျုပ်က ဒီအိမ်က သမီးအရင်းလေ အစ်ကိုကတော့
မွေးစားသား သက်သက်ပဲမလား ။ အကို့ကို အဘတို့ အမေတို့က သွေးသားမတော်စပ်တာတောင်မှ ဒီအိမ်မှာခေါ်တင်ထားတာတောင် များနေပြီ ။ ဒီတော့ အိမ်အလုပ်လေးလုပ်ပေးရတာနဲ့ အကို့အသားတွေ ပဲ့မပါသွားပါဘူး ''

အရှေ့မှာရပ်၍ မဲ့ကာရွဲ့ကာ ပြောနေလေသည့် သူမကိုတော့ ခက်ရောင်ခြည် တစ်ယောက် ဘာမှပြန်ကာပြောဖို့အစီအစဥ်မရှိခဲ့ပါ ။
မိနန်းပြောလာသည့်စကားတစ်ခွန်းချင်းစီတိုင်းဟာ ခက်ရောင်ခြည်၏ ရင်ဝကို မီးစနှင့်ထိုးနေသယောင်ပင် ။ မိနန်းပြောသည့်စကားတွေမှာလည်း အလုံးစုံ အမှားပါသည်တော့မဟုတ်ချေ ။

 စိန်ပန်းနီနီ မောင့်ကိုတည်Where stories live. Discover now