Unicode
ဒီတစ်ခါတော့ သူကြီး ဦးသာလွန်းကိုယ်တိုင် ဒေါ်ခင်မေအား စိတ်အတော်ပျက်သွားခဲ့ရသည် ။ နှုတ်ကို စည်းစောင့်ပါဟု အကြိမ်ကြိမ်အခါခါ ပြောသော်ငြားလည်း ဂရုမမူဘဲ သူလုပ်ချင်ရာလုပ်ခြင်းက အတော်ပင်ရုပ်ပေါက်လွန်းလှသည် ။
မိမိ၏ အခန်းထဲသို့ဝင်သွားသောအခါ ဒေါ်ခင်မေက အောင်နိုင်သူမျက်နှာပေးနှင့်ထိုင်နေသည်ကိုတွေ့လိုက်ရသည့်အခါ ဦးသာလွန်း၏ ဒေါသများကို မီးစာပေးလိုက်သလိုဖြစ်သွားလေသည် ။
ဦးသာလွန်းလည်း မဆိုင်းမတွ ဒေါ်ခင်မေအနားသွားကာ'' ရှင်မကို ကျုပ်အမြဲတမ်းမပြောခဲ့ဘူးလား ။ နှုတ်ကို စည်းစောင့်ပါဆိုပြီး ။ အချိန်ရလျှင်ရတိုင်း သားရောင်ခြည်ကို အမေတစ်လှည့် သမီးတစ်လှည့် စကားနာထိုးလို့ ခင်ဗျားတို့မှာ ဘာများရလိုက်လေသလဲ ။ အကြိမ်ကြိမ်အခါခါ ပြောနေကြစကားတစ်ခွန်းကိုပဲ ပြန်ကာပြောမယ် ။ ခက်ရောင်ခြည် ဆိုတဲ့ ကလေးကို ဒုက္ခပေးဖို့မကြံနဲ့ ရှင်မ ''
သူကြီးဦးသာလွန်း၏ စကားကြောင့် ဒေါ်ခင်မေမှာ နှုတ်ခမ်းကို တွန့်ကာချိုးရင်း
'' အိုကွယ် ရှင်ကလည်း သိပ်ခက်ပါဘိ ။ ကျွန်မ အမြဲတမ်းပြောခဲ့တယ် ။ ကျွန်မမှာလည်း သမီးတစ်ယောက်ပဲ ရှိတယ် ။ အဲ့တာသေချာပေါက် မိနန်းပဲ "
ပြောချင်ရာပြောပြီး ထွက်သွားလေသော ဒေါ်ခင်မေအား ဦးသာလွန်းတစ်ယောက် ဒေါသထွက်ဖို့အချိန်မရဘဲ စားပွဲပေါ်တွင် အသင့်ရှိသည့် စာရွက်ပေါ်တွင် လက်ရေးခပ်သော့သော့ဖြင့် အမြန်ရေးရင်း ရက်စွဲတွေ ၊ အမည်နာမတွေ တပ်ကာ ကြေးနန်းရိုက်ဖို့ ပြင်ဆင်ရလေသည် ။
~~~
အသီးသီး အလျှိုလျှို ပြန်ကုန်ကြတော့ ခြံဝိုင်းထဲတွင် အပြစ်ပေးခံထားရသည့် အမူးသမားနှစ်ယောက်နှင့်အတူ အခြားသော လူလေးယောက်သာရှိပေသည် ။ တဏှာခိုးမပြေသေးသော လူနှစ်ယောက်က ခက်ရောင်ခြည်ကို ကွပ်ကြည့်ကြည့်လုပ်နေသောကြောင့် ထိုးမယ်တကဲကဲလုပ်နေသည့် မင်းဓနရှိန် ကို ကျော်လွင်တို့က တားဆီးရပြန်သည် ။ထိုင်ခုံတစ်ခုံမှာ မလှုပ်မယှက်ထိုင်နေရင်း အသက်မဲ့သည့် ခန္ဓာကိုယ်လို ပြုမှုနေသည့်ကောင်လေး ၊ မျက်ရည်တစ်လုံးတစ်ပါဒမှ မကျပါပေဘဲ အရှေ့တစ်နေရာကိုသာ တွေတွေလေးငေးနေသည့် ကောင်ငယ်လေးကြောင့် မည်သူကမှ စိတ်မချမ်းသာနိုင် ။ ဒီလိုအခြေအနေဖြစ်အောင်ဖန်တီးခဲ့သည့် အကောင်နှစ်ကောင်ရော ၊ ကျေးဇူးတရားတွေကို မျိုချထားသည့် ဒေါ်ခင်မေဆိုသည့် မိန်းမကိုရော မင်းဓနရှိန်တစ်ယောက် စိတ်ရှိလက်ရှိ သတ်ချင်စိတ်ကို အတင်းထိန်းထားရလေသည် ။
YOU ARE READING
စိန်ပန်းနီနီ မောင့်ကိုတည်
Romanceမင်းဓနရှိန် + ခက်ရောင်ခြည် မိဘမေတ္တာကို သိပ်တောင့်တနေတဲ့ သူဋ္ဌေးသားလေး " မင်းဓနရှိန် '' ဆိုသူဟာ စိတ်ဒဏ်ရာတွေ ရှိခဲ့တဲ့ သူကြီးသား " ခက်ရောင်ခြည် '' ဆိုသည့် ကောင်လေး၏ ဘဝထဲကို ဇွတ်တရွတ်ဝင်လာလေသောအခါ 2/2/2022 ( Starts) Written By Both Fonts