Part (8)

725 38 0
                                    

Unicode

'' ဟင် အိုနာကျိုးကမ်းကြီး ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ ''

ခက်ရောင်ခြည်လည်း အဘ၏နောက်လိုက်ပြောသွားသည့်အတိုင်း အပြစ်ပေးခံရသူများကိုကျွေးရန် ထမင်းပန်းကန်များကို ယူလာ​ပြီး စားပွဲပေါ်တင်ထားလေသည် ။ ထမင်းပန်းကန်ကို စားပွဲပေါ်တင်ပြီးပြီးချင်း အပြစ်ပေးခံရသူများကို စကားပြောဖို့
တစ်ဖက်သို့ပြန်အလှည့်တွင် သူ့ကို နှစ်ခါတောင် ပြုတ်ကျအောင်လုပ်သွားသည့် သူကိုတွေ့လိုက်ရသည့်အတွက် သတိမမူပဲ အော်မိသွားလေသည် ။

'' အဘက ငါ့ကို ဒီလူ ပစ်ချသွားတာသိသွားလို့ ထိပ်တုံးခပ်လိုက်တာလား ။ အဲလေ မဟုတ်လောက်သေးပါဘူး အဘက သိတယ်ဆိုလဲ ဘယ်လိုသိနိုင်မှာလဲ ။ အမောင် ဖိုးမူလဲ ရှိမှမရှိတာ ''

တစ်ယောက်ထဲ လက်သည်းကိုက်လိုက် နဖူးရိုက်လိုက်နှင့် မျက်လုံးလေး ကလယ်ကလယ် လုပ်နေရှာသည့် ကောင်လေးကို
မင်းဓနရှိန်တစ်ယောက် တွေ့လေသောအခါ အံ့သြသည်ထက်ပင်ပိုသွားရသည် ။ ကျော်လွင်၏ စကားကိုကြားတဲ့အချိန်က သူ၏လိပ်ပြာငယ်လေးနှင့် မဆုံတွေ့ရမည်ကို စိုးရိမ်မိသော်လည်း အခုလို သူကြီးအိမ်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် တွေ့လိမ့်မည်ဆိုသည်ကိုတော့ လုံးဝပင် မထင်ထားမိခဲချေ။ အခုန ဒီတိုင်း ရေရွတ်လိုက်ပေမယ့်လည်း အခုချိန်မှာတော့ သူ၏ လိပ်ပြာငယ်လေးဟာ အရှေ့တည့်တည့်ကို ရောက်ရှိလို့နေပြီဖြစ်လေသည် ။

'' လိပ်ပြာငယ် ''

မရည်ရွယ်သော်လည်း နှုတ်ဖျားကနေ ရုတ်တရက် ထို နာမ်စားလေးဟာ ထွက်လို့သွားလေသည့်အတွက် မင်းဓနရှိန်လည်း ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ပြီး ဘေးမှ ကျော်လွင်ကတော့ တံတောင်နှင့်တို့ကာ သတိပေးလို့နေလေသည် ။ ခက်ရောင်ခြည်ကတော့ အရှေ့က အနှီလူသား သူ့အား မည်သည့် နာမ်စားဖြင့် ခေါ်လိုက်သည်ကို အရှင်းအလင်း မကြားသောကြောင့် တစ်ဖန်ပြန်ကာ

'' ခင်ဗျား ကျုပ်ကို ဘယ်လ်ုခေါ်လိုက်သလဲ ''

နည်းနည်းလေးမှ စပ်စပ်ထိမခံတဲ့ ကောင်လေး၏ မျက်နှာအား မင်းဓနရှိန်တစ်ယောက် တစိမ့်စိမ့်ကြည့်​နေရင်းနှင့်မှ

 စိန်ပန်းနီနီ မောင့်ကိုတည်Where stories live. Discover now