Part (28)

510 21 3
                                    

Unicode

မင်းဓနရှိန်၏ ရှုးရှရှဲရှဲ ဖြစ်နေမှုကြောင့် ကျော်လွင်နှင့်ဖိုးမူခမျာ နှုတ်ပိတ်ပြီးသာနေနိုင်ပေသည် ။ အခုချိန်သာ တစ်ခုခုသွားပြောလိုက်လျှင် မင်းဓနရှိန်၏ ဒေါသဒဏ်ကို ခံရမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်တာကြောင့် ဘာမှမပြောဘဲ တိတ်တိတ်နေခြင်းကသာ သင့်တော်မည်ဟုထင်မှတ်ထားပုံရဘေသည် ။

'' ဘာလို့ ငါ့အချစ်ကို တစ်ယောက်ထဲလွှတ်လိုက်ရတာလဲ ''

ရှုးရှုးရှဲရှဲ ဖြစ်နေသူထံမှ ပထမဦးစွာ ထွက်ပေါ်လာသော စကား​ဖြစ်တာကြောင့်  ပုခုံးတွန့်သွားပေမယ့်လည်း ဘာမှမဖြစ်ဟန်ဆောင်ကာ ဖိုးမူက အရဲစွန့်ရင်း

'' တစ်ယောက်ထဲ မဟုတ်ပါဘူး မင်းဓနရှိန်ရာ ၊ ဟိုမြို့ကြီးသာ လင်းဟန်ပါ ပါသွားတယ်မဟုတ်လား "

စက္ကန့်မခြား ထွက်ပေါ်လာသည့် စားပွဲ ကို လက်ဖဝါးနဲ့ တီးလိုက်သည့်အသံကြောင့် ကျော်လွင့်မှာ ပြာပြာသလဲ ဖြင့်

'' အယ်ဗျာ ဓနရာ ခင်ဗျား ရှာချင်လို့ဆိုရင်လည်း သွားရှာလေဗျာ ခက်ခဲတာမှမဟုတ်ဘဲ "

" အဲ့တာ ခင်ဗျားတို့ ပြောမှလား "

ပက်ခနဲ တုံ့ပြန်လာတဲ့ စကားကြောင့် နှစ်ယောက်သား ပြန်ချေပစရာ စကားတို့မှာ ဗလာနတ္တိ ။ မည်သူမျှကိုမပြောပဲ ခြံအရှေ့သို့ ဇိုးဇိုးဇက်ဇက် ထွက်သွားသူ၏ ကျောပြင်ကို ကြည့်ရင်း ဖိုးမူက ကျော်လွင့်ကို တစ်စုံတစ်ခုမေးရန်အလို့ငှာ ဘေးနားသွားစဥ်

" ခင်ဗျားတို့နှစ်ယောက်က ဘာပြုလို့ မှင်သေသေနဲ့ ရပ်နေရတာလဲ ။ ကျုပ်နဲ့လိုက်ခဲ့ "

ဒီအသုံးအနှုန်းက တောင်းဆိုသည့်စကားတော့မဟုတ်ချေ ။ ဒီအခြေအနေမှာ ပြန်သာပြောမိရင် အကြည့်ရွှန်းရွှန်းတောက်တွေနဲ့ ပြာကျသွားမည်မှာ မလွဲဖြစ်တာကြောင့် ဘာမှဆက်မပြောလိုက်ပဲ တိတ်တိတ်လေးသာ အနောက်ကနေ ကပ်လိုက်ရပေသည် ။ သူ၏ ခက်ရောင်ခြည် ကို တစ်ယောက်ထဲ လွှတ်လိုက်ရသည်ကို မကျေမနပ်ဖြစ်နေသည့်သူက မျက်လုံးကိုအလုပ်ပေးကာ ဟိုကြည့်ဒီကြည့်နေရှာလေသည် ။

'' သူက သားပျောက်မိခင်​ကြီးလို ဘာကိစ္စနဲ့ ရောင်ခြည့်ကိုရှာနေရတာလဲ "

 စိန်ပန်းနီနီ မောင့်ကိုတည်Where stories live. Discover now