Unicode
သူကြီး၏ ညကင်း စောင့်ကြလော့ ဆိုသည့် တစ်ချက်လွှတ် အမိန့်ကြောင့် ဖိုးမူတစ်ယောက် ဗျာများလို့နေရလေသည် ။ အရင်တုန်းကလည်း စောင့်နေကြဆိုပေမယ့် အခု သူကြီး၏ အမိန့်ထုတ်ပြန်လာသည်မှာ တစ်ရွာလုံး၏ ကာလသားတွေ ကို စာရင်း ကောက်ခံရန်က ဖိုးမူထံသို့ကျရောက်လာလေသည် ။ ဖိုးမူက စာရင်းကောက်ပြီး ခက်ရောင်ခြည်က ကြီးကြပ်ရမည်ဆိုတော့ သိပ်တောင် ပင်ပန်းလိမ့်မည် မထင် ။ သို့သော် နေရာကနေ တစ်ဖဝါးမှ မခွါသည့် ဖိုးမူအား ခက်ရောင်ခြည်တစ်ယောက် စိုက်ကြည့်လိုက်လေရင်း
'' ဖိုးမူ ခင်ဗျား ဒီနေ့ စာရင်းသွားကောက်ဖို့ရောရှိသေးလား "
ခက်ရောင်ခြည်၏ စကားကို စိတ်ရှုပ်သလိုနှင့် ဆံပင်တွေကြားထဲ လက်ချောင်းထိုးဖွရင်း
" ဟားး ရောင်ခြည်ရာ အမြဲတမ်းလည်း သူကြီးလက်အောက်က သာရေးနာရေးအတွက်ဖွဲ့ထားတဲ့ ကာလသားအဖွဲ့ပဲ ညကင်းကို တာဝန်ယူနေကြတာပဲဟာကို ။ အခုက ဘာလို့ သူကြီးက ဒီလိုပြောလဲမသိဘူး ''
ဖိုးမူက တာဝန်ကို ခေါင်းရှောင်တာမဟုတ်မှန်း ခက်ရောင်ခြည် သိပါသည် ။ သို့သော် ဒီလူ့ကို နားလည်အောင် ရှင်းပြရပေအုံမည် ။ မဟုတ်လျှင် လက်သံပြောင်လှသည့် ဦးသာလွန်း နှင့် တွေ့သွားမည်မဟုတ်လော ။
'' အဲဗျာ အခုက ညကင်းစောင့်ဖို့ ကာလသားတွေ ထပ်ခေါ်နေတာမှမဟုတ်ပဲ ။ ရွာ၏သာရေးနာရေးအတွက် ကာလသားတွေ ထပ်ခေါ်ရုံပဲလေ ။ ခင်ဗျားက ကာလသား ခေါင်းဆောင်ဆိုတော့ ခင်ဗျား တာဝန်ယူရတာကို ကျွန်တော်က လိုက်ကြည့်ပေးရုံပဲ ''
'' အဲဗျာ ရောင်ခြည်ရာ ကျူပ် ခင်ဗျား စကားကို သဘောပေါက်တယ် ။ ဒီကာလသားတွေမှာ လူကောင်းရှိသလို သေချာပေါက် ငမူးငရူးလည်း ရှိမှာပဲလေ ။ နေကပူပူ သူတို့က အရက်ရှိန်တွေတက်ပြီး ကျုပ်နှင့်တစ်ပွဲတစ်လှမ်း လှမ်းနေရလိမ့်မယ် ''
ဖိုးမူ၏ အပြောကို ခက်ရောင်ခြည် က ရယ်လေတော့ ဖိုးမူက ပေစောင်းစောင်းကြည့်လေသည် ။
'' ဒါဆို ကျူပ်တစ်ခု အကြံပေးမယ် ။ ခင်ဗျားအဲ့လို စာရင်းမကောက်ချင်လျှင် အငယ်လေးနှစ်ယောက်ကို အော်လံ
( လော်စပီကာ) နှင့် မနက်ဖြန် သူကြီးအိမ်မှာ ကာလသားများ စာရင်းလာပေးကြပါလို့ အချိန်နှင့်အတူ အော်ခိုင်းလိုက်ပေါ့ ဒါဆို ခင်ဗျားလည်း အဆင်ပြေသွားမယ် ''
YOU ARE READING
စိန်ပန်းနီနီ မောင့်ကိုတည်
Romanceမင်းဓနရှိန် + ခက်ရောင်ခြည် မိဘမေတ္တာကို သိပ်တောင့်တနေတဲ့ သူဋ္ဌေးသားလေး " မင်းဓနရှိန် '' ဆိုသူဟာ စိတ်ဒဏ်ရာတွေ ရှိခဲ့တဲ့ သူကြီးသား " ခက်ရောင်ခြည် '' ဆိုသည့် ကောင်လေး၏ ဘဝထဲကို ဇွတ်တရွတ်ဝင်လာလေသောအခါ 2/2/2022 ( Starts) Written By Both Fonts