Part (18)

474 20 0
                                    

Unicode

မင်းဓနရှိန်တစ်ယောက် အိပ်ယာမှနိုးနိုးချင်း အိမ်ကိုဝေ့ဝဲ ကြည့်လေတော့ အခြေအနေဟာ ငြိမ်သက်လို့နေခဲ့သည် ။ အိမ်ကို ဝေ့ဝဲ ကြည့်ရင်းနှင့် နှုတ်ခမ်းပါးများဟာ အထက်သို့ ကော့တက်သွားရသည် ။ ဒါဟာ နှစ်လိုဖွယ်အပြုံးမဟုတ်ဘဲ တစ်ခုခုကို ရင်နာစွာပြုံးသည့် အပြုံးပွင့်တစ်ခုသာ ဖြစ်လေသည် ။ မိမိ၏ဆံသားများကို လက်ချောင်းများဖြင့်ထိုးဖွပြီး အိမ်ပြင်သို့ပြန်ထွက်လာလေတော့ ကျော်လွင်က ဧည့်ခန်းထဲမှာ ငူငူငိုင်ငိုင်ကြီး ထိုင်နေလေပြီး ဧည့်ခန်း၏စားပွဲအထက်မှာတော့ စာတစ်စောင်တွေ့ရလေသည် ။

မင်းဓနရှိန်လည်း ထိုစာ ကို ဖွင့်ဖောက်လိုက်ရာ

       သို့ ( သားဓနနှင့် ကျော်လွင်)

              မေမေတို့ အရေးကြီးကိစ္စပေါ်လာသည့်အပေါ် မြို့ပေါ်သို့ အလောတကြီး သွားလိုက်ရပါတယ် ။ မေမေတို့ရှိမှ အဆင်ပြေမည့်အလုပ်ဖြစ်လို့ သားတို့ကိုတောင် မနှုတ်ဆက်လိုက်ရလို့ စာချန်ခဲ့တယ်နော် ။ ဓန မနေ့က သားပြောတဲ့ ကိစ္စကို မေမေတို့ သေချာပေါက် စဥ်းစားမှာပါ ။ ဒါပေမယ့် မေမေတို့ကို အချိန်နည်းနည်းပေး ။ အလုပ်ဆိုတာ ချက်ချင်းကြီးရပ်လို့ရတဲ့ ကိစ္စမှမဟုတ်ဘဲ ။ သားတို့ လိမ္မာစွာနှင့် နေရစ်ခဲ့ကြပါ ။

                                                                မှ ( သားတို့မိဘ)

စာဖတ်ပြီးပြီးချင်းမှာတင် မင်းဓနရှိန်၏ စိတ်များဟာ လေးလံလို့လာပေသည် ။ သူဒီလောက်တောင်းဆိုတာတောင် ဂရုမစိုက်လဲ ထွက်သွားလိုက်မှုကြောင့် ဒေါသထွက်သည်ဆိုတာလား ဒါမှမဟုတ် သူတို့ပြောသည့် ဒီအလုပ်ကိစ္စက ဘာများဖြစ်လို့ ဒီလောက်တောင် လောနေရတာလဲ ဆိုသည့် ဝေခွဲမရမှုတွေဟာ ပေါင်းစပ်လို့သွားသည့်အခါမှာတော့ မင်းဓနရှိန်တစ်ယောက် လေပူများသာ မှုတ်ထုတ်လိုက်ပေသည် ။

စိတ်ရှုပ်ရှုပ်နှင့် အိမ်ပြင်သို့လှမ်းမည်အလုပ် အနောက်ပါးကနေ ခေါ်သံကြားခို့ လှည့်လိုက်ရာ ကျော်လွင်က

'' ဓန ခင်ဗျား ဘယ်သွားအုံးမှာလဲ ။ မနက်စာလေး စားသွားအုံးလေ ''

 စိန်ပန်းနီနီ မောင့်ကိုတည်Where stories live. Discover now