Part (26)

448 21 5
                                    

Unicode

မင်းဓနရှိန်က ခက်ရောင်ခြည် အား ပွေ့ဖက်ထားတာကို သူကြီးက အောက်ငိုက်စိုက်ကာ တစ်ခုခုဖတ်နေရင်းနှင့် တချက်ချက်ခိုးခိုးကြည့်ပြန်သည် ။ ဖိုးမူနှင့်ကျော်လွင်ကတော့တစ်ဖက်တစ်ချက်စီမှာ ရပ်နေကာ ပျော်ရွှင်မှုတွေကြောင့် ပီတိဖြာနေသော်လည်း လင်းဟန်ဆိုသည့် အနှီလူသားမှာတော့ အသက်ကို ခပ်ပြင်းပြင်းရှူနေရလေသည် ။

ဧည့်သည်ဆိုတဲ့ ဂုဏ်ပုဒ်နှင့် သူ့ကို အိမ်ဝိုင်းထဲဝင်လာခဲ့ပါဟုပြောရမည့်အစား ပြဇာတ်တစ်ခုလို့ဖြစ်နေသည့် မြင်ကွင်းအားတစိမ့်စိမ့်ကြည့်နေကြသည်အတွက်ပိုမို၍ဒေါသထွက်မိလေသည် ။

မင်းဓနရှိန်ထွေးပွေ့ထားတာကို ခက်ရောင်ခြည်ကရုန်းနေသော
အခါ မင်းဓန၏ လက်နှစ်ဖက်ဟာ ပိုမိုတင်းကြပ်လို့သွားရသည် ။

'' မင်းဓန ခင်ဗျား ကျုပ်ကို လွှတ်ဖို့ရှိလား ''

မေးလိုက်တော့အခါ ကိုယ့်ကိုဖတ်လှဲတကင်းလုပ်ထားသည့်သူ့လက်တွေဟာ ပိုမိုတင်းကြပ်လို့လာသလိုပင် ။ မင်းဓန၏ မျက်ဝန်းတွေဟာ စူးရဲနေကာ ခက်ရောင်ခြည်ကို စေ့စေ့ကြည့်ရင်း

'' ခက် လက်ကို စတွဲမယ်လို့ ဆုံးဖြတ်လိုက်သည့်အချိန်ထဲကစပြီး ဘယ်သောအခါမှ လက်လွှတ်ဖို့မတွေးဖူးဘူး ။ လက်လည်းလွှတ်မှာမဟုတ်ဘူး ။ အကြောင်းအရင်းက မောင်မပြောလည်း ခက်သိမှာပါ ။ မောင်က ခက်ကိုသိပ်ချစ်နေတဲ့ လူတစ်ယောက်
ခက်ရဲ့အချစ်တွေမှာ မောင် အရူးတစ်ပိုင်းဖြစ်နေလေပြီ "

ကဲ တွေ့ပါရောလား ။ ကိုယ်ပြောလိုက်သည့်သဘောက ပွေ့ချီထားတာကနေ ချပေးဟု ပြောလိုက်တာကို ။ ဘယ်အတွေးတွေက ဘယ်တွေပေါက်ရောက်ပြီး ဘာတွေပြောနေမှန်းမသိ ။ စကားပြောနေချိန်တစ်ခနတွင်မူ ထိုမျက်ဝန်းများ၌ လေးနက်မှုများကိုတွေ့ရလေသည် ။

'' ဟာဗျာ ကျွန်တော့်ကို ဒီလိုကြီး တသက်လုံး ပွေ့ထားမလို့လား။
အခု အောက်ချပေးလို့ ပြောတာကို ကြောင်တောင်တောင်နဲ့ "

ဆူပုတ်ပုတ်နှင့်ပြောဘာသည့် ချစ်ရသူဟာ အရင်တုန်းကထက် အများကြီး သတ္တိရှိလာပေသည် ။ အခုလည်း သွားတကြိတ်ကြိတ်ဖြင့် ပြောနေသည့်သူကြောင့် မင်းဓနရှိန်၏ အသဲယားမှုတွေဟာ အတောမတတ်နိုင်တော့သဖြင့် မျက်နှာနှင့်အနီးဆုံးနေရာကို ငုံ့ချလိုက်တော့ ဟိုက လက်တစ်ဖက်ဖြင့် မျက်နှာကို ပြန်လည်ကာ တွန်းထုတ်လို့လာပေသည် ။

 စိန်ပန်းနီနီ မောင့်ကိုတည်Where stories live. Discover now