Part (24)

482 23 12
                                    

Unicode

'' ဟင် ''

ခက်ရောင်ခြည်ထံပါးမှ အာမေဋိတ်သံတစ်သံထွက်ကျလို့လာလေသည် ။ အကြောင်းရင်းမှာတော့ အကင်းပါးလှသော
မင်းဓနရှိန်ဆိုသူက သူနှင့်အတန်ငယ် ဝေးကွာလို့နေသည့်
ခက်ရောင်ခြည်၏ ခါးကျဥ်ကျဥ်လေးကို လက်တစ်ဖက်ဖြင့် ဖက်လည်းဖက်ရင်း သူ့ဘေးနားသို့ပါ ဆွဲလိုက်တာဖြစ်လေသည်။

ခက်ရောင်ခြည်တစ်ယောက် ခါးပေါ်မှ လက်တစ်ဖက်ကို ဖြုတ်ချဖို့ရန် ကြိုးစားနေသော်လည်း အခွင့်မသာသေးကြောင့် ဖက်တွယ်ထားသော လက်တစ်စုံမှ ရုန်းထွက်လို့မရခဲ့ချေ ။ မင်းဓနရှိန် ၏ တစိုက်မတ်မတ် အကြည့်များနှင့် ပါးလွှာသော နှုတ်ခမ်းပါး မှ အကြည့်များကြောင့် ချွေးများပင်ထွက်လာရလေသည် ။

'' မင်းဓန ခင် ခင်ဗျား ဘာလုပ်တာလဲ "

အဘယ်ကြောင့်ရယ်မသိ တုန်ယင်နေသော အသံများ​ကြောင့် မင်းဓနလည်း ဟက်ခနဲရယ်ကာ

'' အချစ်ကလည်း မောင်ဘာမှမလုပ်ပါဘူးဗျာ ။ ငေးကြည့်နေရင်းနဲ့ အချစ်ကို ရင်ခွင်ထဲ မြှပ်နေအောင် ဖက်ထားချင်စိတ်ပေါက်လာလို့ ''

ပြောလည်းပြောနေရင်း လက်ကလည်း ခက်၏ ပါးလေးကို ခပ်ဖွဖွထိတွေ့သွားသေးသည် ။ အခေါ်အဝေါ ကစလို့ အရာအားလုံးမှာ အသားယူနေသည့်အကောင်ကို ခက်ရောင်ခြည် တစ်ယောက် ကြည့်မရတော့သောကြောင့် ဖိနပ်ကိုချွတ်ရင်း မလှမ်းမကမ်းမှ ခြေထောက်ကို တက်နင်းပစ်လိုက်လေသည် ။

* အား *

တက်နင်းတာက မဆိုစလောက်လေးဟုပြောလို့ရပေမယ့် မသိရင် သူ့ပေါ် တောင်ပြိုကျလာသလို အော်နေသည့် ဟာကို စူးစူးစိုက်စိုက်ကြည့်ရင်း တစ်ဖက်သို့ပြန်လှည့်အလုပ် အနောက်ပါးကနေ အသံတစ်သံထွက်ပေါ်လို့လာလေသည် ။

'' အချစ် ​မောင့်ကို တက်နင်းလိုက်တာ မသိရင် မောင့်ခြေထောက်အပေါ် ပုရွက်ဆိတ်တစ်ကောင်ဖြတ်ပြေးသွားသလိုပဲ"

ရယ်သံခပ်လွင့်လွင့်နှင့်ပြောလာသူ၏အသံကြောင့်
ခက်ရောင်ခြည်၏ မျက်နှာဟာ ရဲရဲနီလေးဖြစ်သွားပေမယ့် မခံချင်သည့်စိတ်ကြောင့်

 စိန်ပန်းနီနီ မောင့်ကိုတည်Where stories live. Discover now