Part (9)

713 43 2
                                    

Unicode

သူကြီး၏အိမ်ဝိုင်းထဲမှ ထွက်လာပြီးသည့်တိုင် မင်းဓနရှိန်၏ အတွေးတွေထဲမှာ အကြောင်းအရာမျိုးစုံစာ ကူးလူးလို့နေလေသည် ။ ခန္ဓာကိုယ်ကြီးကသာ ရွေ့လျားလို့နေပေမယ့် စိတ်ကတော့ မချန်ထားချက်လောက်အောင်ကို မြတ်နိုးမိသွားလေတဲ့ ကောင်လေးစီမှာသာ ကျန်ခဲ့နေခဲ့လေတော့ '' ကျစ် '' တစ်ချက်စုတ်သတ်မိလေသည် ။

ကျော်လွင်လည်း ဘေးကခုံမှာထိုင်နေပြီး အားနေ သက်ပြင်းတွေချကာ စုတ်သတ်နေသည့်သူကြား မကြည့်ရက်လေတော့ပဲ

'' ဓန ခင်ဗျား သူကြီးအိမ်ကပြန်လာပြီးသည့်တိုင် ဘာတွေအလိုမကျဖြစ်နေရတာလဲ ''

'' ကျုပ် အချစ်ကို အဲ့အိမ်မှာထားရတာစိတ်မချဘူးဗျာ ။ မနေ့ကအကောင်က ကျုပ်အချစ်ကိုဘယ်လ်ုပြုမှုသွားသလဲတွေ့တယ်မဟုတ်လား ။ ကျော်လွင် ခင်ဗျား ကိုစုံစမ်းခိုင်းထားတာတွေ စုံစမ်းပြီးပြီလား ''

သူကြီး၏ အိမ်ဝိုင်းထဲမှ အပြစ်လွတ်လာပြီးသည့်နောက် ကျော်လွင်မှာ မင်းဓနရှိန်နှင့်အတူတောင် အိမ်မပြန်နိုင်သေးပဲ သူ စုံစမ်းခိုင်းထားတာကို စုံစမ်းဖို့ ထွက်သွားသည်မှာ မှန်သွားသည်ဟုပင် စိတ်ထဲတွင်ကောက်ချက်ချမိပေသည် ။

'' အင်း ဓန ခင်ဗျား စုံစမ်းခိုင်းထားတာ ကျုပ်စုံစမ်းထားတယ် ။
အဲ့ကောင်လေးနာမည်က ခက်ရောင်ခြည် တဲ့ သူကြီး၏ သား
သို့ပေမယ့်... ''

ကျော်လွင်၏ စကားစတင်မှုကို နားထောင်ပြီး မင်းဓနရှိန်တစ်ယောက် မျက်ခုံးတွန့်လို့သွားမိလေသည် ။ ဘာတစ်ခုမှ ဝင်မပြောဘဲ ကျော်လွင်၏ ဆက်ပြောလာမည့်စကားကိုသာနားထောင်ရင်း '' ဘာလဲ '' ဟူသည့် အကြည့်နဲ့ မျက်ခုံးတွန့်ပြလိုက်မိလေသည် ။

'' ကျုပ် ကြားသိခဲ့ရသမျှက အဲဲ့ဒီ့ကောင်လေးက သူကြီးတို့ရဲ့ မွေးစားသားဆိုပဲ ။ သူ ၅ နှစ်သား အရွယ်ထဲက ဒီရွာကိုရောက်လာခဲ့တာ ။ မနေ့က ကျုပ်တို့ကြားလိုက်ရတဲ့ မိနန်းဆိုတာက သူကြီးတို့၏ သမီးအရင်း ။ အဲ့ကောင်မလေးနှင့် သူငယ်ချင်းတစ်သိုက်က အမောင်ခက်ရောင်ခြည်ကိုသိပ်နှိပ်စက်တာတဲ့လေ
မတူသလိုမတန်သလို ဆက်ဆံကြလေသတဲ့ ။ သူကြီးကတော့ အဲ့ကောင်လေးအပေါ် သားအရင်းပမာ သိပ်ကောင်းရှာပါတယ် ။
သူကြီးကတော်ကတော့ ခုတစ်မျိုး တော်ကြာတစ်မျိုးတဲ့ ။
ခက်ရောင်ခြည်က သူဟာ မွေးစားသားဆိုတဲ့အသိနဲ့ ကိုယ့်ကိုကိုယ် သိမ်ငယ်နေတာ ။ ဒါကြောင့် ရွာပွဲလှမ်းသဘင်ဖြစ်​ဖြစ်
ဘယ်ပဲဖြစ်ဖြစ် သူ့ကြောင့် မိသားစုသိက္ခာကျမှာစိုးလို့ မပါဝင်ဘူးတဲ့ ။ အဆိုးဆုံးကတော့ ရွာသူရွာသား အချို့ကပါ သူ့ပုံစံကိုကြည့်ပြီး မိုက်မိုက်ရိုင်းရိုင်းဆက်ဆံကြတာတဲ့ ။ ''

 စိန်ပန်းနီနီ မောင့်ကိုတည်Where stories live. Discover now