Part (13)

480 22 0
                                    

Unicode

ကြက်ပိုင်ရှင်ကြီးနှင့် စကားပြောပြီး ထွက်သွားသည့် ကျောပြင်ငယ်နောက် မင်းဓနရှိန်လည်း ထပ်ကြပ်မကွာ လိုက်ခဲ့လေသည် ။
ကျော်လွင်ကတော့ အခြေအနေအရပ်ရပ်ကို သတိထားမိသူမို့ ဆက်ပြီး မလိုက်တော့ဘဲ ကြက်ခြံအရှေ့ကနေပဲ လှည့်၍ပြန်ခဲ့သည် ။ မင်းဓနရှိန်တစ်ယောက် အရှေ့မှာ တွေ့နေရတဲ့ လိပ်ပြာငယ်လေး၏ မျက်နှာကို ကြည့်ပြီး အနည်းငယ်မျှစိတ်မကောင်းချေ ။ ကြုံတွေ့ရမှုဟာ အချိန်အနည်းငယ်ပင်ရှိသည်ဆိုသော်လည်း တွေ့လိုက်ရတဲ့ အကြိမ်တိုင်းမှာ ကောင်လေးက ပြုံးမနေရင်တောင်မှ မျက်နှာကရွှင်နေတတ်ပေသည် ။ အဲ့သလို မျက်နှာကြီးကို မြင်ရတိုင်းလည်း မင်းဓနရှိန်၏ ရင်ထဲမှာ အတော်အေးချမ်းသွားရသည် ။ သို့သော် အခုအချိန်မှာများ သူ့အချစ်မျက်ဝန်းထဲကသာ မျက်ရည်တစ်စက်သာကျသွားခဲ့လျှင် ကောင်းကင်ကိုပါ မီးတက်ရှို့မည့်ပုံစံရှိပေသည် ။

ရွာဦးဘုန်းကြီးကျောင်းက ပြန်လာသည်ဟုထင်ရသည့် ကောင်လေးဟာ ချိုင့်တစ်ခုကိုကိုင်ပြီး အရှေ့ကနေ အေးအေးလူလူသွားနေသလို အနောက်ကနေ ထပ်ကြပ်မကွာ လိုက်နေသည့်သူကလည်း စကားတစ်ခွန်းမှစမပြောချေ ။ နောက်ပြီးတော့မှ ဒီအေးစက်လှသည့် အခြေအနေ ကြီးကို ပြောင်းလဲချင်သည့် အတွက် မင်းဓနရှိန်ကပဲ ခက်ရောင်ခြည်၏ လက်ထဲမှ ချိုင့်ကို ဆွဲလုလိုက်လေသည် ။ ရုတ်တရက်ကြီး လက်ထဲက ချိုင့်အလုခံလိုက်ရသည့်အတွက် ခက်ရောင်ခြည် တစ်ယောက် မယုံကြည်နိုင်တဲ့ မျက်ဝန်းများဖြင့် မင်းဓနရှိန်အား ကြည့်တော့မှ မခိုးမခန့်လေးပြုံးလိုက်ပြီး

" အို ကျွန်တော်က ခင်ဗျား လေးနေမှာစိုးလို့ ''

ဖြေရှင်းချက်ပေးလာသည့် ကောင်လေးကို ခက်ရောင်ခြည် တစ်ယောက် တွေတွေစိုက်ကြည့်ရင်း ခေါင်းခါလိုက်ပြီး

'' ဒါလေးသယ်ရတာကို ဘာများပင်ပန်းလို့လဲ ''

အခုနကလို မျက်နှာကြီး မရွှင်မလန်းဖြစ်နေတာမဟုတ်ဘဲ အနည်းငယ်ပြုံးရိပ်သန်းလာတာကြောင့် မင်းဓနရှိန်ကတော့အသက်ဝဝရှုနိုင်ခဲ့ပါပြီ ။ သေသေချာချာ တိတိကျကျ ပြောရရင် ဒီကောင်လေးမှာ အနည်းငယ်မျှ ထိခိုက်မှုမရှိစေချင်တာတော့ အမှန်ပါ ။ အရာရာကို ပေါ့ပေါ့တွေးခဲ့သမျှ သူနှင့်ပတ်သက်ပြီး အရာရာလေးနက်ချင်လာတဲ့အတွက် အရင်ကထက်ပိုပြီး ဒီကောင်လေးမျက်နှာမှာ အပြုံးတွေတည်တည်တံ့တံ့ ရှိစေဖို့  အလုပ်တွေကြိုးစားရတော့မည်ဖြစ်သည် ။

 စိန်ပန်းနီနီ မောင့်ကိုတည်Where stories live. Discover now