Part (29)

355 18 1
                                    

Unicode

" လင်းဟန် ခက်က မင်းကစားစရာ အရုပ်တစ်ရုပ်မဟုတ်ဘူးဆိုတာ ခေါင်းထဲစွဲစွဲမှတ်ထား "

တစ်ယောက်အင်္ကျီစကို တစ်ယောက် ဆုတ်ကိုင်ထားနေပုံကြောင့် နှစ်ယောက်လုံးလည်ပင်းတွေအစ်ကာ မျက်နှာတွေရဲနေပေသည် ။ လင်းဟန်တစ်ယောက် မင်းဓနရှိန်၏ နှာခေါင်းကို ထိုးဖို့ရာ ကြံစည်ပေမယ့် မင်းဓနရှိန် က တစ်ဖက်သို့ရှောင်လိုက်သောကြောင့် လင်းဟန်တစ်ယောက်ပဲ အရှိန်များကာ မြေကြီးပေါ်သို့ မှောက်လျှက်သားပြုတ်ကြလေသည် ။ သို့သော် ဒေါသအရှိန်မသတ်နိုင်သေးသည့် လင်းဟန်က တစ်ဖန်ပြန်လည်ကာ ကြုံးထလာပြီး မင်းဓနရှိန်ကို အရှိန်နဲ့ပြေးထိုးတော့သည် ။ အချိန်ခနအကြာ အငိုက်မိသွားသော မင်းဓနရှိန်ကလည်း မြေကြီးပေါ် ပြုတ်ကြသွားလေတော့သည် ။

" ခက်ရောင်ခြည် ဆိုသည့်လူသားက မင်းအပိုင်ဆိုပြီး နာမည်မထိုးထားဘူး မင်းဓနရှိန် ။ မင်းပိုင်တဲ့ အချိုးမျိုး လာမချိုးနေနဲ့ ''

စကားတစ်ခွန်းပြောပြီး လက်သီးတစ်ချက်ပစ်ထိုးဖို့ကြိုးစားပေမယ့်လည်း မင်းဓနရှိန် က ခေသူတော့မဟုတ် ။ အမြန်ရှောင်ရှားပြီး လင်းဟန်၏ အင်္ကျီစကိုဆုတ်ကိုင်ကာ

" ဒါတွေ ငါစိတ်မဝင်စားဘူး ဟိတ်ကောင် ။ အချစ်က ငါ့အတွက်ပဲ ။ သေချာပေါက် ငါ့အတွက် ။ မိန်းမလိုမိန်းမရလိုလုပ်ပြီး သူများအကြားဝင်ဖို့မကြိုးစားနဲ့ "

ဝင်ဆွဲမည့်သူတွေလည်းမရှိသည့်အပေါ် နှစ်ယောက်လုံး ပယ်ပယ်နယ်နယ် ရန်ဖြစ်နေကြလေသည် ။ မျက်နှာတွေဖူးယောင်ကာ သွေးတွေတောင် စို့နေကြပေမယ့်လည်း လင်းဟန်က အနှောင့်အသွားမလွတ်သည့် စကားတွေကိုပြောမြဲပြောနေဆဲဖြစ်သလို ။ ဒေါသတွေကို ချုပ်ထိန်းလို့မရသည့် မင်းဓနရှိန်ကလည်း ခုထက်ထိတိုင် ရှုးရှုးရှဲရှဲ ဖြစ်နေလေတုန်းဖြစ်လေသည် ။

~~~

ရွာဦးဘုန်းကြီးကျောင်းက ပြန်လာသည့် သူကြီးနှင့် ကာလသားတစ်သိုက်မှာ သူကြီး၏ အိမ်ဝိုင်းသို့ရောက်ဖို့အတွက် ရိပ် ရေကန်မှ ဖြတ်ရမည်ဖြစ်လေသည် ။ ရွာ၏ သာကြောင်း နာ​ကြောင်းတွေ ပြောရင်း တရွေ့ရွေ့လာနေရင်းနှင့်မှ တစ်နေရာသို့ရောက်သောအခါ ထိုးကြိတ်သံများအပြင် ငြင်းခုန်သံများကြားရသည့်အတွက် ဘေးဘီဝဲကြည့်ကြရာ တစ်နေရာမှာတော့ နှစ်ယောက်လုံး လုံးပန်းပြီး ပယ်ပယ်နယ်နယ် ထိုးကြိတ်နေကြသည်ကို တွေ့ကြသောအခါ လူကွဲစေရန်အလို့ငှာ ကာလသားများက ဝိုင်းဆွဲရပေသည် ။ သို့သော်ငြား မည်မျှပင် ဝိုင်းဆွဲစေကာမူ မင်းဓနရှိန် ၏ ဒေါသများကလျှော့သွားခြင်းမရှိပဲ လင်းဟန်ရှိရာသို့သာ ချီတက်လို့နေပေလေသည် ။

 စိန်ပန်းနီနီ မောင့်ကိုတည်Donde viven las historias. Descúbrelo ahora