Part (31)

370 24 0
                                    

Unicode

'' အချစ် မောင့်ကို ဘာလို့ရွေးချယ်ခဲ့တာလဲ ။ မောင့်ကို ဘယ်တုန်းထဲက ချစ်ခဲ့တာလဲ ''

ခက်ရောင်ခြည်က ခေါင်းလေးခါလေရင်း

'' ဘာလို့လဲ မောင် မချစ်သင့်ဘူးလား ''

ရယ်သံယှက်ကာ ​ပြောလာလေသည့် ခက်ရောင်ခြည်၏ စကားကြောင့် မင်းဓနရှိန်တစ်ယောက် ဖတ်ထားရာမှ အမြန်ခွာလိုက်ပြီး

'' မဟုတ် မဟုတ်ဘူး အချစ် ။ မောင်ပြောချင်တာ ဒီအဓိပ္ပါယ်မဟုတ်ဘူး ။ စိတ်မဆိုးနဲ့အချစ် ''

သားပျောက်မိခင်လို ဝူးတူးဝါးတား အော်နေသည့် မင်းဓနရှိန်ကြောင့် ခက်ရောင်ခြည်မှာ ဗိုက်ဖိပြီး ရယ်နေရသည်ဖြစ်လေသည် ။ သူသာအော်ဟစ်လို့နေလေတာ ခက်မှာတော့ စိတ်လွတ်ကိုယ်လွတ်ရယ်မောနေလေသဖြင့် မင်းဓနရှိန်က ငေးကြည့်လို့နေရင်းကနေ မျက်နှာက ဆူပုတ်ပုတ် ဖြစ်သွားပေသေးသည် ။

'' စိတ်ဆိုးသွားတာလားလို့ ခက် ''

ရယ်နေသည့်သူကိုတောင် စိတ်ဆိုးနေလား မေးနေသည့် မင်းဓနရှိန်ဆိုသူအား ခက်ရောင်ခြည်တစ်ယောက် ခပ်ဖွဖွပုတ်ရင်း

'' မောင် ကလည်းဗျာ ။ ကျွန်တော်ဒီလောက်ရယ်နေတာကိုတွေ့တာတောင် စိတ်ဆိုးနေတာ ဖြစ်နိုင်ပါ့မလား မောင်ရဲ့ ''

'' ကြားရဖွယ်ကောင်းလိုက်တာဗျာ ''

ကွပ်ပျစ်ပေါ်မှာ တူနှစ်ကိုယ်ထိုင်နေကြနေရင်းနဲ့ မင်းဓနရှိန်က မေးစေ့အောက်လက်ထောက်ရင်းနှင့် ခက်ရောင်ခြည်ကို ငေးကြည့်ကာ ဆိုလိုက်ခြင်းဖြစ်လေသည် ။

'' ဘာကိုလည်း မောင် "

ချွဲပစ်နေသည့်အသံမဟုတ်ပေမယ့် ချိုရှရှအသံလေးအောက်တွင် မင်းဓနရှိန်တစ်ယောက် ကျရှုံးလို့လေကာ ခက်ရောင်ခြည်၏ မျက်နှာအစိတ်အပိုင်းလေးကို အလွတ်မှတ်နေရင်းကနေ မျက်လုံးဖောင်းဖောင်းလေးကို အချိန်တစ်ခုကြာသည်အထိ ဖိကပ်နမ်းနေရင်း

'' မောင်ဆိုတဲ့ နာမ်စားလေးလေ အချစ်ရဲ့ ။ မောင့်ဘဝမှာ အချစ်က ရှိနေပြီဆိုတာ အိမ်မက်တစ်ခုအလားပဲ အချစ်ရယ် "

မင်းဓနရှိန်၏ စကားကို ခက်ရောင်ခြည်က ခေါင်းတငြိမ့်ငြိမ့်နှင့်နားထောင်နေရင်းကနေ

You've reached the end of published parts.

⏰ Last updated: Sep 30 ⏰

Add this story to your Library to get notified about new parts!

 စိန်ပန်းနီနီ မောင့်ကိုတည်Where stories live. Discover now