Unicode
မင်းဓနရှိန်က ဖခင်ဖြစ်သူနှင့်စကားအခြေအတင်ဖြစ်ပြီး ဖခင်ဟာလည်း အလုပ်ကိစ္စနှင့် ခရီးထွက်ကာ မိခင်ဖြစ်သူမှာတော့ မြို့ကနေ ရွာသို့လာသည့်အချိန်တွင် တွေ့တောင်မတွေ့လိုက်ရဘဲ ခရီးထွက်သွားသည်ဆိုတာကိုတောင် ကြားလိုက်ရသဖြင့် သူလည်း ကျော်လွင့်ကိုအဖော်စပ်၍ ရွာ၌လှည့်ပတ်လေတော့သည် ။ မင်းဓနရှိန် တို့ ရွာတစ်ခုလုံးကို နှံ့စပ်အောင် လှည့်ပတ်ပြီးမှ ရွာဝင်ရိုးတစ်နေရာတွင် ရွာသူရွာသားထဲမှ အသက်ကြီးပိုင်းတွေက ဒူးဖုံရုံလောက်သာ ပုဆိုးကို ဝတ်လို့ထားလေပြီး လူမိုက်တစ်ယောက်ပုံစံနှင့် လမ်းလျှောက်လာသူကို ငေးကြည့်မိလိုက်ကြလေသည် ။ သူတို့လမ်းလျှောက်လာသည်ကို အသားလွတ်ကြီး ငေး၍ မဲ့ကာရွဲ့ကာပြုလုပ်သွားလေတဲ့ လူကြီးတစ်အုပ်စုကို မင်းဓနရှိန် တစ်ယောက်စိုက်ကာကြည့်လိုက်လေမှ တစ်ဖက်က အလိုက်တသိဖြင့် မျက်နှာလွှဲလို့သွားကြလေသည် ။
မင်းဓနရှိန်တို့သူငယ်ချင်းနှစ်ယောက်လည်း အချိန်အတော်ကြာသည့်တိုင်အောင် ရွာတစ်ခုလုံးကို လှည့်ပတ်ကာကြည့်လေပြီးမှ မောလာသဖြင့် တံတားအနီးတွင် ခရီးသွားဧည့်သည်များ အနားယူလိုယူငြား ယူလို့ရအောင်ပြုလုပ်ထားသော ကျောက်တုံးလေးပေါ်တွင် ခြေပစ်လက်ပစ်ထိုင်နေကြရင်းမှ ကျော်လွင်က တစ်ဖန်ပြန်လည်စတင်ကာ
'' ကဲ ဓန ကျုပ်တို့ ရွာတစ်ခုလုံးနီးပါး လျှောက်ကြည့်လို့ပြီးလေပြီ ။ ဒီရွာက စိန်ပန်းတောရွာ ဆိုတဲ့ နာမည်နှင့်လိုက်အောင် သိပ်ကိုသာယာမှုအတိပဲ ။ ''
ကျော်လွင်ပြောလာသည့်စကားအပေါ် မင်းဓနရှိန် တစ်ယောက် ခေါင်းတငြိမ့်ငြိမ့် ငြိမ့်လို့နေရင်း
'' ခင်ဗျားပြောတာဟုတ်သားပဲ ။ စိန်ပန်းပင်လေးတွေ အစီအရီနဲ့ သိပ်ကိုချစ်စဖွယ်ရွာလေး ။ သို့ပေမယ့်လည်း အရာရာတိုင်းဟာ အမြဲသာယာနေတာမှမဟုတ်ပဲဗျာ ။ တစ်ခါတစ်လေတော့ သာယာမှုလေးတွေမှာ ဆိုးသွမ်းမှုလေးတွေပါ ကပ်လို့ပါလာနိုင်တာပဲ ။ ကျုပ်ဘာပြောလဲဆိုတာခင်ဗျားသိပါတယ် ''
မင်းဓနရှိန်ပြောလာသည့်စကားအပေါ် ကျော်လွင်တစ်ယောက်ပြုံးကာ အသိအမှတ်ပြုလိုက်ပေသည်။ အဘယ်အရာကိုတွေးတောနေသလဲဆိုတာကို မင်းဓနရှိန် ကိုယ်တိုင်တောင် မသိပေမယ့် သူ့စဥ်းစားမှုနှင့်သူတော့ စိတ်ကျေနပ်လို့နေလေခဲ့လေသည် ။
YOU ARE READING
စိန်ပန်းနီနီ မောင့်ကိုတည်
Romanceမင်းဓနရှိန် + ခက်ရောင်ခြည် မိဘမေတ္တာကို သိပ်တောင့်တနေတဲ့ သူဋ္ဌေးသားလေး " မင်းဓနရှိန် '' ဆိုသူဟာ စိတ်ဒဏ်ရာတွေ ရှိခဲ့တဲ့ သူကြီးသား " ခက်ရောင်ခြည် '' ဆိုသည့် ကောင်လေး၏ ဘဝထဲကို ဇွတ်တရွတ်ဝင်လာလေသောအခါ 2/2/2022 ( Starts) Written By Both Fonts