Unicode
ဆေးလိမ်းပေးပြီးတဲ့နောက် ခက်ရောင်ခြည်မှာတော့ မင်းဓနရှိန်၏ မျက်နှာကို စေ့စေ့တောင်မကြည့်ရဲပေမယ့် မင်းဓနရှိန်ကတော့ ရှက်သွေးဖြာပြီး နာရွက်ဖျားတွေရဲတွတ်နေတဲ့ ကောင်လေးကို ငေးကြည့်နေလိုက်တာမှ တမေ့တမော ။
ဘယ်လောက်ပဲတစိမ့်စိမ့် ထိုင်ကြည့်နေပါစေ ။ စိတ်နှလုံးဟာ ဘယ်တော့မှ လိုအင်ပြည့်ဝသွားရိုးမရှိ ။ ဒီကောင်လေး၏ အပြုအမှုတိုင်းကို နှလုံးသားထက်မှာ ကမ္ဗည်းရေးထိုးပြီး ဒီကောင်လေး၏ မျက်နှာအစိတ်အပိုင်းတိုင်းကို ငေးကြည့်နေမိပြီး ပုံပန်းသဏ္ဍာန်ကို အလွတ်မှတ်ယူချင်နေမိတာ အာသီသ တစ်ခု ။
ထိုကောင်လေး၏ မျက်နှာဟာ သူရှိရာသို့ လုံးဝပင်လှည့်ကြည့်မလာသည့်အတွက် မင်းဓနရှိန်လည်း ချောင်းတစ်ချက်ဟန့်လိုက်လေပြီ ။ မုဆိုးကြီးက ချောင်းဟန့်လ်ိုက်မှ သားကောင်ကြီးက လှည့်ကြည့်လာသော်လည်း ဘာပြောရမှန်းမသိဖြစ်နေတာကြောင့် မင်းဓနရှိန်ကပဲ
'' ကဲ ခင်ဗျား ကျုပ်ကို အပြစ်လား ဘာလား အဲ့ဒီ့အတွက် ဆူအုံးမယ်ဆို ''
မင်းဓနရှိန်ပြောလိုက်မှ သူလည်း သတိရသွားဟန်ပေါက်ကာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး
'' အလို ခင်ဗျား ဘာကြောင့် ဒီလိုတွေ ဆိုးသွမ်းနေမှန်းမသိပေမယ့် ကျွန်တော်ကတော့ အဲ့လို မဆိုးသွမ်းစေချင်ဘူး ။ ခင်ဗျား လည်းလိမ္မာစမ်းပါဗျာ ။ ဒီရွာရောက်ထဲက ခင်ဗျား အကြောင်းတွေ လူတွေပြောနေတာလည်း နည်းနည်းနောနောမှမဟုတ်ပဲဗျာ။
ပြီးတော့ ဟိုတလောကပဲ ထိပ်တုံးစာမိပြီးပြီ မဟုတ်လော ။
ဒီအတွက်ဆို အစာပါငတ်ခံနေရမယ် "လူကြီးပေါက်စလေးလို ရှင်းပြနေရှာတဲ့ ကောင်လေးအား မင်းဓနရှိန်တစ်ယောက် မေးလေးထောက်ကာ ငေးကြည့်နေမိရှာသည် ။ ထူထဲပြီး စိမ်းရွှင်နေသော မျက်ခုံးတန်းကြတွေ ၊ ရှည်လျားလျားရှိတဲ့ မျက်တောင်ကော့ကော့လေးတွေ ၊ ဖြောင့်စင်းနေတဲ့ နှာတံသေးသေးလေး ၊ လမင်းကြီးတစ်ခုလို ဝိုင်းစက်လျက်ရှိသော မျက်ဝန်းများနှင့် ဖူးဖူးငုံငုံ နှုတ်ခပ်ဟဟလေးတွေ ဒီအရာတွေကို မျက်တောင်မခတ်ရှုစားရင်း ထိုအရာအလုံးစုံနှင့်အတူ ထိုအရာ၏ပဲ့ကိုင်ရှင်ကိုပါ တစ်ဘဝလုံးစာအတွက် ပိုင်ဆိုင်ချင်စိတ်ကို ထိန်းချုပ်ရသည်မှာ သိပ်ကိုခက်ခဲလွန်းလှပါဘိ ။
YOU ARE READING
စိန်ပန်းနီနီ မောင့်ကိုတည်
Romanceမင်းဓနရှိန် + ခက်ရောင်ခြည် မိဘမေတ္တာကို သိပ်တောင့်တနေတဲ့ သူဋ္ဌေးသားလေး " မင်းဓနရှိန် '' ဆိုသူဟာ စိတ်ဒဏ်ရာတွေ ရှိခဲ့တဲ့ သူကြီးသား " ခက်ရောင်ခြည် '' ဆိုသည့် ကောင်လေး၏ ဘဝထဲကို ဇွတ်တရွတ်ဝင်လာလေသောအခါ 2/2/2022 ( Starts) Written By Both Fonts