Part(16)

613 25 0
                                    

Unicode

ထိုပြဿနာဖြစ်ပြီး အချိန်ဘယ်လောက်မှမကြာသေးခင် သူကြီးလင်မယားက အိမ်ဝိုင်းထဲသို့ ဝင်ရောက်လာသည့်အခါ ရိုးသားလွန်းသည့် ခက်ရောင်ခြည်က ဖြစ်ရပ်အစုံကို ဖွင့်ဟပြောဆိုမည်ဟု ပြုလုပ်သော်လည်း မင်းဓနရှိန်က ဝင်ကာတားလိုက်လေသောကြောင့် ဘာတစ်ခုမှ မပြောဖြစ်တော့ချေ  ။

သိပ်မကြာပါ မင်းဓနရှိန်က ခက်ရောင်ခြည်ကို သူ့အား ရွာအနှံ့လိုက်ပြပါဟု တောင်းဆိုလာသဖြင့် ခက်ရောင်ခြည်လည်း ဘာမှ ငြင်းဆန်းမှုမပြုပဲနှင့် လိုက်ခဲ့လေသည် ။ လမ်းခရီးတစ်လျှောက်လုံးတွင် နှစ်ယောက်လုံးတစ်လုံးတစ်ပါဒရယ်လို့ မပြောဆိုကြချေ ။ နှစ်ယောက်လုံး၏ ခြေလှမ်းတွေဟာ ဘယ်နေရာသို့ ဦးတည်လို့နေမှန်းမသိခဲ့သော်လည်း နောက်ဆုံး ခြေလှမ်းများ၏ ဦးတည်ရာနေရာက ဟိုးတလောက တွေ့ဆုံခဲ့ကြသည့် သစ်ပင်အောက်တွင်ဖြစ်လေသည် ။

ဖိုးကျော်တစ်ယောက်၏ ဆွဲဆောင့်မှုကြောင့် နဂိုထဲက ရှိသည့် အနာဟာ စပ်ဖြင်းဖြင်း ဖြစ်ကာ ပို​ဆိုးလို့သွားပေမယ့် ဘာအကြောင်း​ကြောင့်ရယ်မသိ ထို ဒဏ်ရာကို ဖုံးကွယ်လို့နေမိလေသည် ။ လက်တစ်ဖက်ကို ဘေးချရင်း မျက်ခုံးတန်းလေးတွေ တွန့်သွားတဲ့သူကို မင်းဓနရှိန် တစ်ယောက် အချိန်တော်တော်ကြာတဲ့အထိ ကြည့်နေရင်းနှင့် ထိုလက်ကို တယုတယ လေးဆွဲလိုက်ပြီး အနာ၏ ပုံစံကိုကြည့်လိုက်သည့်အခါမှာ သွေးတွေတောင် စို့နေပြီဖြစ်လေသည် ။

အစထဲက ဖိုးကျော်၏လက်ချက်ကို စူးစူးရဲရဲဖြင့်ကြည့်နေမိသော် မင်းဓနရှိန်ဟာ အိမ်ဝိုင်း၏ စားပွဲပေါ်မှ မိမိပေးသည့် ဆေးဘူးကို ကောက်ယူလာပြီးဖြစ်လေသည် ။ အနာကို ခပ်ဖွဖွလိမ်းပေးလိုက် ပါးစပ်ဖြင့် လေပူတွေမှုတ်လိုက်လုပ်ပြီးမှ ခက်ရောင်ခြည်၏ လက်ဖဝါးကို ခပ်ဖွဖွလေးထိတွေ့ရင်း မျက်လုံးတည့်တည့်ကို စိုက်ကာကြည့်လေပြီးမှ

'' ခက် နောက်တစ်ခါတွေဆို ဘာအကြောင်းကြောင့်ဖြစ်ဖြစ် ခက် မမှားရင်းသည်းမခံနဲ့ဗျာ ။ နောက်ဆုံး ရှင်းရှင်း ပြောရရင် ခက်မှားရင်တောင် လုပ်ချင်ရာသာလုပ်ပစ်လိုက် ။ ကျန်တာ ရှင်းဖို့ကျုပ်ရှိတယ် ''

 စိန်ပန်းနီနီ မောင့်ကိုတည်Donde viven las historias. Descúbrelo ahora