Part (11)

543 22 0
                                    

Unicode

မင်းဓနရှိန်လည်း ခုံအရှည်ကြီးတစ်ခုမှာထိုင်ပြီး အတွေးတွေကို နယ်ချဲ့နေမိလေသည် ။ မိခင်ဖြစ်သူက မြို့ကနေ ပြန်တော့လာပါရဲ့ နှုတ်ဆက်စကားတစ်ခုပြောပြီး အိမ်ခန်းထဲသို့ ဝင်သွားတာ အခုထိ ပြန်မထွက်လာသေးချေ ။ သူ့မွေးနေ့အချိန်အခါတုန်းကလည်း မိခင်ပြန်လာသည့် အချိန်နှင့်ကိုက်ပေမယ့်လည်း မွေးနေ့
ဆုတောင်း တောင်မပြောပဲနှင့် အခန်းထဲသို့ဝင်သွားလေသည် ။ ဖခင်ဖြစ်သူကတော့ အလုပ်ရှိတယ်ဆိုပြီး ထွက်ခွာသွားလိုက်တာ မွေးနေ့အတွက်ဆုတောင်းစကားတစ်ခုမှမကြားရ ။

မိဘများဆီမှ မွေးနေ့နှင့်ပတ်သက်တဲ့ စကားတစ်ခုမှမကြားဖြစ်တော့တာ အခုမှမဟုတ်ဘဲ အချိန်တွေအများကြီးကြာလှပြီ ။
သူတို့အလုပ်တွေမှာ မေ့လျှော့လို့ဝပြီးမှ ဓန အတွက်ဆိုပြီး စျေးကြီးကြီးအရာတစ်ခုကို မွေးနေ့လက်ဆောင်အဖြစ်ဝယ်လို့လာလေသည် ။ မင်းဓနရှိန် ဆိုသည့်ကောင်လေးဟာ ထိုလက်ဆောင်တွေထက် မိဘမေတ္တာအပြည့်အဝလိုချင်နေမိတယ်ဆိုတာ သူတို့မှာ သိဖို့ကောင်းပါလေရဲ့ ။

သို့ပေတည်း ဒီနှစ်မွေးနေ့လေးကတော့ မင်းဓနရှိန် အတွက်အနည်းငယ် အဓိပ္ပါယ်ရှိသလိုဖြစ်ခဲ့လေသည် ။ ခက်ရောင်ခြည်ဆိုသည့် အလင်းတန်းငယ်လေးက မိဘမေတ္တာလိုအပ်မှုကိုမ​ဖြည့်ဆည်းပေးနိုင်သော်လည်း ထိုသူ့ဆီမှ ရသည့် မွေးနေ့ဆုတောင်း တစ်ခုနှင့်တင် မင်းဓနရှိန်၏ သိမ်ငယ်မှုတွေ အနည်းငယ်ဖြေလျော့သွားသလိုရှိလေသည် ။

ကျော်လွင်လည်း အိမ်ထဲကနေ ထွက်လို့လာပြိး ခုံပေါ်မှာ ထိုင်နေသည့် မင်းဓနရှိန်ကို ကြည့်လိုက်သည့်အခါမှာ ဆရာသမားက ပြုံးစိစိဖြစ်လို့နေသည့်အတွက် ကျော်လွင်လည်း ပုခုံးကို ရိုက်လိုက်သည့်အခါမှာတော့ ကျော်လွင့်အား မျက်ထောင့်နီကြီးများဖြင့် စူးစိုက်ကာကြည့်လာလေသည် ။

ကျော်လွင့်၏ ခပ်ပြင်းပြင်းရိုက်ချက်ကြောင့် မင်းဓနရှိန်၏ အတွေးများဟာ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားလေသောကြောင့်

'' ခင်ဗျား ဒါဘာလုပ်တာလဲ "

စောနက ပြုံးနေသည့်လူသားဟာ သူမဟုတ်သည့်အတိုင်း ။ ကျော်လွင့် အားစူးရဲစွာ စိုက်ကြည့်လို့နေမှ ကျော်လွင်လည်း အသာအယာလေး ပြုံးလိုက်လေပြီး

 စိန်ပန်းနီနီ မောင့်ကိုတည်Where stories live. Discover now