Part (5)

895 44 2
                                    

Unicode

ဒေါ်ခင်မေလည်း ခြေထောက်ဆောင့်ကာ အခန်းထဲသို့ ဝင်သွားလေသည့် ကောင်မလေးအနောက်အမြန်လိုက်တော့သည်။ အခန်းထဲသို့ရောက်ရောက်ချင်း ထိုကောင်မလေးက မျက်နှာကိုလက်အပ်ကာငိုနေသည်ကို တွေ့လို့်ရသည့်အတွက် ဒေါ်ခင်မေလည်း အမြန်ပင် မိနန်း၏ လက်ကိုဖယ်ကာ သူ(မ)၏လက်ဖြင့် ဆုတ်ကိုင်လေပြီး ပါးစပ်မှလည်း

'' ကဲ သမီးလေးက ဘာလို့ငိုနေတာတုန်း ''

ဒေါ်ခင်မေပြောလာသည့် စကားကို မိနန်းက အရေးမလုပ်ဘဲ စိတ်ဆိုးနေသလို ပြုမှုနေလေသည့် အတွက်

'' ကဲ မေ့သမီးလေးက အမေ့ကို စိတ်ဆိုးနေသတဲ့လား ။ ဘာလို့လဲလို့ အမေ့ကိုပြောလှည့်ပါဦး ''

ဒေါ်ခင်မေ ပြောလာသည့် စကားကြောင့် မိနန်းလည်း အမေဖြစ်သူကို တချက်လှည့်ကြည့်လေပြီး

'' ဘာလို့ စိတ်ဆိုးလဲဟုတ်လား အမေ ။ အမေတို့က အဲ့ဒီ့အကို အယ် မှားလို အဲ့ဒီ့ ခက်ရောင်ခြည် ဘက်ကပဲ မဟုတ်လား ။ ဘာဖြစ်ဖြစ် ကျွန်မကိုပဲ အမေတို့က အပြစ်မြင်ကြတာ ။ ကျွန်မ မှန်မှန် မှားမှားပေါ့ ။ ဟက် အမေရော အဘရောက မေ့နေသလားပဲ အဲ့ဒီ့ ခက်ရောင်ခြည် ဆိုသူက မွေးစားသားတစ်ယောက်ဆိုတာ ။ တချိန်ကျလို့ ရပိုင်ခွင့်တွေ ဝေခွဲတဲ့အခါကျ အမေတို့ အဘတို့က သူ့ဘက်ကပဲ ပါလို့နေကြမှာ ''

မိနန်းပြောသည့်စကားအပေါ် ဒေါ်ခင်မေက သဘောကျစွာဖြင့် ပြုံးရယ်လေတော့ မိနန်းကတစ်ဖန် ဒေါသပြန်ထွက်လို့နေကာ

'' အမေ ကျွန်မပြောတာစကားမှာ ရယ်စရာပါသွားလို့လား ''

ဒေါ်ခင်မေက သမီးဖြစ်သူကို သဘောကျစွာတစ်ချက်ကြည့်လေပြီးမှ

'' ဘာတွေလျှောက်တွေးလို့နေတာလဲ သမီးရယ် ။ ရပိုင်ခွင့်ဆိုတဲ့ အရာ က သမီး တစ်ယောက်ထဲ အတွက်ပဲလေ ။ ခက်ရောင်ခြည်ဆိုတာက မွေးစားသား သက်သက်ပဲကို အမေတို့က ဘာကိစ္စနဲ့ အရေးပေးနေရမှာလဲ ။ မေမေ့အတွက်အရေးကြီးတာက သမီးပဲလေ ။ ဒီကိစ္စကို​တွေးပြီး စိတ်ရှုပ်မနေစမ်းနဲ့ ''

မမျှော်လင့်ထားတဲ့ အဖြေတစ်ခုကို ဒေါ်ခင်မေ၏ နှုတ်ဖျားမှကြားလိုက်ရသည့်အတွက် မိနန်း တစ်ယောက် အံ့သြလို့သွားလေရာ

 စိန်ပန်းနီနီ မောင့်ကိုတည်Where stories live. Discover now