Part (21)

436 22 0
                                    

Unicode

မင်းဓနရှိန်တစ်ယောက် ခန္ဓာကိုယ်ကသာ ရွေ့လျားလို့နေတာ စိတ်အစုံကတော့ သူကြီး၏ အိမ်ဝိုင်းမှာ ကျန်ရစ်ခဲ့လေသော ကောင်လေးထံမှာသာ ရောက်လို့နေလေသည် ။ တွေးရင်း ငေးရင်းနဲ့ သူဖွင့်ပြောလိုက်သည့် အကြောင်းပြန်သတိရသောအခါ နှုတ်ခမ်းပါးလေးက အထက်သို့ကော့တက်လို့သွားလေသည် ။
ဖွင့်ပြောရမလား မဖွင့်ပြောရဘူးလားဆိုပြီး လွန်ဆွဲနေတဲ့ စိတ်အစုံ က ထိုကောင်လေး၏ ရှက်သွေးဖြာမှုကို တွေ့ပြီး ပြေပျောက်လို့သွားခဲ့ရပြီ ။

:အတိတ်ကစာမျက်နှာတွေမှာ နာကျင်မှုတွေ ဘယ်လောက်ပဲ ရှိခဲ့ရှိခဲ့ လက်ရှိ ပစ္စုပ္ပန်နှင့် နောက်လာမည့် အနာဂတ်မှာတော့ မောင့် အချစ်ကို ပျော်ရွှင်အောင် ထားပါ့မယ် ။

တစ်ကိုယ်တည်း စကားပြောရင်း ပျော်ရွှင်နေသည် ကောင်လေးက ဘေးမှာ ရှိသည့် ကျော်လွင့်ကိုလည်း ဂရုစိုက်မိပုံမပေါ် ။ အတွေးလွန်နေချိန် စကားပြောမိလျှင် အငေါက်ခံရမှာစိုးသောကြောင့် ထောင့်တစ်နေရာမှာ ထိုင်ကာ ဆရာသမား အသိပြန်ဝင်လာမည့်အချိန်ကို စောင့်မျှော်နေရသည် ။ သိပ်မကြာပါ မင်းဓနရှိန်တစ်ယောက် ယခင်အချိန်တွေကနေ ယခု ပစ္စုပ္ပန်သို့ပြန်ရောက်လာလေကာ ဘေးမှာရှိသည့် ကျော်လွင့်ကိုတွေလည်းတွေရော ရယ်နေတဲ့နှုတ်ခမ်းပါးတွေကို တင်းတင်းစေ့ပြီး ချောင်းတစ်ချက်ဟန့်ကာ

'' အဟမ်း ဘာပြောစရာရှိလို့လဲ ''

သူ့ဟာအကြောင်းတွေးနေတုန်းကတော့ ပြုံးပျော်လို့နေလေပြီး ကိုယ်နဲ့ စကားပြောရာမှာတော့ ရှစ်ခေါက်ချိုးကာ တလောကလုံး သူ့လုပ်စာထိုင်စားသလို ဖြစ်သွားသည့်သူကို ကျော်လွင်တစ်ယောက် စိတ်ထဲကနေသာ မေတ္တာပို့မိလေသည် ။

'' ဟိုဟာ သူကြီးရဲ့ လူယုံ ဟို ဘုကလန့်ကောင်က ကာလသားစာရင်းကောက်နေတယ် ''

စကားပြောရင်းနှင့် ရပ်လိုက်သည့် ကျော်လွင်ကို မင်းဓနရှိန်က
'' သူနဲ့ ဘာဆိုင်လို့လဲ '' ဆိုတဲ့ အကြည့်မျိုးနှင့် ကြည့်ရင်း ဆက်ပြောဖို့ မျက်စပြလာသည်ကြောင့်

'' အဲ့ဒီ့ ဘုကလန့်ကောင်က စာရင်းကောက်ပြီး အမောင်
ခက်ရောင်ခြည် က ကြီးကြပ်ပေးတယ် ။ ညအချိန်အမှီ နောက်ဆုံးထားပြီး စာရင်းလာသွင်းလို့ပြောတာကြောင့် ဓန မအားဘူးဆိုရင် ကျုပ်ပဲ စာရင်းတစ်ခါထဲ သွင်းခဲ့ရမလားလို့မေးတာ "

 စိန်ပန်းနီနီ မောင့်ကိုတည်Where stories live. Discover now