Chapter-4

65 9 0
                                    

Zawgyi

အခုတလောမှာ Theron သူ့ရဲ့မိဘတွေနဲ့ သိပ်တောင်ရန်မဖြစ်သလိုပင်။အဓိကကတော့ သူကိုယ်တိုင်က guide နှင့်အတူစာကောင်းကောင်းလုပ်နေပြီး သူ့ရဲ့မိဘတွေကလည်း အရင်ကထက်စာလျှင် သူ့ရဲ့အဆိုတော်ဖြစ်ချင်သည့်အိပ်မက်ကို သိပ်ပြီးတော့သဘောမကျသည့်ပုံစံမပြတော့ပေ။ဘာလို့လဲဆိုတာကို သူလည်းမသိပေမယ့် အဲ့ဒါကသူ့အတွက်တော့ သိပ်ကိုကောင်းသည်မဟုတ်လား။

"ဘာလိုလိုနဲ့ စာမေးပွဲတောင် နီးလာပြီပဲ"

"ဟုတ်တယ်။ကျွန်တော်တအားစိတ်လှုပ်ရှားနေတာ"

"မင်းကတော်ပြီးသားပါ။ဒါပေမဲ့ စာရနေလို့ဆိုပြီး တခြားဘက်ကိုတော့ အာရုံမရောက်စေနဲ့ပေါ့။ဒီစာမေးပွဲက သိပ်ကိုအရေးကြီးတာလေ"

Atlas ၏စကားကိုခေါင်းညိမ့်ပြရင်းနှင့်သာ ခပ်ရှင်းရှင်းတုံ့ပြန်လိုက်သည်။အခုစာမေးပွဲမှာ သူတကယ်ကို အမှတိကောင်းကောင်းရမှဖြစ်မည်။အဲ့ဒါမှသူတက်ချင်သည့်တက္ကသိုလ်ကို တက်ခွင့်ရမည်မဟုတ်လား။တကယ်လို့ အရင်စာမေးပွဲတွေကလောက် အမှတ်ကောင်းကောင်းမရဘူးဆိုရင် ဝင်ခွင့်ရတာတောသ် သူ့မိဘတွေတက်စေချင်သည့်တက္ကသိုလ်မှာပဲတက်ရမည်လို့ပြောထားသည်။

"ဒါနဲ့အစ်ကို့ရဲ့ညီက ကျွန်တော်နဲ့ရွယ်တူပဲလို့ တစ်ခါပြောဖူးတယ်နော်"

"အာ၊ဟုတ်တယ်"

"သူကရော အထက်တန်းအောင်ရင် ဘယ်မှာတက်မှာလဲ"

"အဲ့ဒီကောင်လေးက ကိုယ့်ကိုမပြောပြဘူးလေ။သိပ်လျို့ဝှက်တတ်တာ။ဒါနဲ့မင်းကဘာလို့သိချင်ရတာလဲ"

"ဪ၊သူနဲ့ကျွန်တော်က ဝါသနာတူတယ်ဆိုတော့ ဒီတိုင်းသိချင်လို့မေးကြည့်တာပါ"

"ဟုတ်ပါပြီ။အခုတော့ သူများအကြောင်းလိုက်မေးနေမယ့်အစား ကိုယ့်ဘာသာကိုယ်ပဲအာရုံစိုက်စမ်းပါ"

ရယ်သံစွက်၍ပြောလာပြီး ဆံပင်ကိုဆွဲဖွလာသည့် Atlas ကြောင့် သူလည်းလိုက်ပြုံးမိသည်။သူနဲ့အတူတူစာသင်ရတာက Theron အတွက်စိတ်ရှုပ်တယ်လို့ နည်းနည်းလေးမှမခံစားရပေ။တဖြည်းဖြည်းရင်းနှီးလာကြတဲ့ဆက်ဆံရေးမှာ Atlas က Eston ကဲ့သို့ပင်သူ့ရဲ့အစ်ကိုတစ်ယောက်လိုပင်ဖြစ်သည်။စိတ်ရှုပ်စရာရှိနေလျှင် အဲ့ဒီပြဿနာအတွက် အကြံဉာဏ်ကောင်းကောင်းပေးတတ်ပြီး အမြဲတမ်းသူ့ကို သက်တောင့်သက်သာဖြစ်စေသည်။

Nothing But YouWhere stories live. Discover now