Chapter-33

34 7 0
                                    

Zawgyi

Theron သူနိုင်တယ်ဆိုတာ မယုံနိုင်သေးဘဲ အတော်ကြာသည်အထိ ကြောင်အနေမိသည်။ဖက်ထားသည့် Hansel ကသူ့ကိုမော့ကြည့်လာပြီးနောက် လက်ကိုခပ်ဖွဖွရိုက်လာတော့မှသာ အသိပြန်ဝင်လာတော့သည်။တစ်ဖက်သို့လှည့်လိုက်တော့ ဆရာကသူ့ကို mic ပေးလာတာမို့လို့ သူလည်းယူရင်းစကားစလိုက်သည်။

"စိတ်လှုပ်ရှားနေတယ်နဲ့တူတယ်"

မျက်ခုံးပင့်ရင်းမေးလာသည့် ဆရာ့၏စကားကို ခေါင်းညိမ့်ပြ၍သာတုံ့ပြန်လိုက်သည်။အနိုင်ရချင်ခဲ့တာဖြစ်ပေမယ့် တကယ်တမ်းနိုင်သွားတော့ သူဘယ်ကနေစကားစရမလဲဆိုတာမစဉ်းစားတတ်တော့ပေ။သူ့မိဘတွေ၊Eston နှင့် Atlas၊Hansel တို့ကိုသာကြည့်နေမိသည်။

"အင်း၊ဟို...ဘယ်လိုပြောရမလဲ"

စဉ်းစားရခက်သလိုပြောလာသည့်သူ့ကြောင့် ကျောင်းသားတွေရော၊စင်အောက်ကလူတွေကပါ သဘောတကျရယ်ကြသည်။Theron လည်းရှက်သလိုခံစားရတာကြောင့် နှုတ်ခမ်းတွန့်ရုံသာပြုံးပြကာ ဆရာ့ကိုကြည့်လိုက်သည်။အဲ့ဒီတော့မှ ဆရာကလည်း ရယ်နေတာကိုရပ်လိုက်ပြီးနောက် ပြောလာတော့သည်။

"နိုင်မယ်လို့မထင်ထားဘူးလား"

"ကျွန်တော်ကသူများတွေနဲ့ယှဉ်လိုက်ရင် သာမန်ပဲလေ။ဘာမှထူးခြားပြီးတော်နေတဲ့သူလည်းမဟုတ်ဘူး။အဲ့ဒါကြောင့် နည်းနည်းလောက်ကြောင်သွားတာပါ"

သူ့ရဲ့ခပ်တိုးတိုးစကားကို ဆရာက သဘောပေါက်သလို ခေါင်းတညိမ့်ညိမ့်နှင့် တုံ့ပြန်လာသည်။လူတွေရဲ့အာရုံက သူတစ်ယောက်တည်းဆီမှာမို့လို့ mic ကိုင်ထားသည့် Theron ၏လက်တို့က အနည်းငယ်တုန်ရီနေပေမယ့် ခုနကလောက်တော့ သိပ်ပြီးစိတ်လှုပ်ရှားမနေတော့ပေ။သူဘာပြောမလဲဆိုတာကို စောင့်နေကြတာကြောင့် ကြောက်စိတ်တို့ကို ခဏမေ့ထားလိုက်ကာ စကားဆက်ပြောဖို့ ကြိုးစားလိုက်သည်။

"ကိုယ်တိုင်သီချင်းရေးပြီး တခြားသူတွေရှေ့မှာဆိုပြချင်တာက ငယ်ငယ်ကတည်းက ကျွန်တော့်ရဲ့တစ်ခုတည်းသောရည်မှန်းချက်လို့ပြောရမယ်။အဲ့ဒီလိုပဲ ဒီကျောင်းမှာတက်ရဖို့ဆိုတာက ကျွန်တော့်အတွက်တော့ သိပ်ကိုအရေးပါတဲ့အရာပဲ။တကယ်တမ်းပြောရရင် ကျွန်တော့်အိမ်က ဒါတွေကိုသဘောမကျဘူး။သီချင်းဆိုတယ်ဆိုတာက အရေးမပါတဲ့အလုပ်လို့ သူတို့တွေက ထင်ကြတယ်။အဲ့ဒါကြောင့် ကျွန်တော်တို့ကြားက ဆက်ဆံရေးက ထင်သလောက်အဆင်ပြေပြေမရှိခဲ့ဘူးလေ"

Nothing But YouWhere stories live. Discover now