Chapter-6

52 8 0
                                    

Zawgyi

စာမေးပွဲဖြေထားသည့်အမှတ်တွေသိရတော့ ခန့်မှန်းစရာမလိုလောက်အောင်ပင် Theron ကအမှတ်ကောင်းကောင်းရခဲ့သည်။Atlas ကတော့သူစာသင်ပေးသည့်ကျောင်းသားက အခုလိုကောင်းကောင်းဖြေဆိုနိုင်သည့်အတွက် သိပ်ကိုဂုဏ်ယူလို့နေသည်။စာမေးပွဲကောင်းကောင်းဖြေခဲ့သည့်အနေနှင့် မုန့်ဖိုးပေးတော့ အဲ့ဒီကောင်လေးက 'ရပါတယ်' ဟုပြောပြီးငြင်းဆန်လိုက်သေးသည်။Theron ၏မိဘတွေကတော့ သူတို့သားကို စာဘက်အာရုံစိုက်အောင်လုပ်ပေးသည့် Atlas ကိုကျေးဇူးတင်နေကြလို့ပေါ့။

အမှတ်ကောင်းကောင်းနှင့်အောင်တာကြောင့် သူ့မိဘတွေနှင့် ပြောထားသည့်အတိုင်းပင် Theron သူတက်ချင်သည့်တက္ကသိုလ်မှာတက်ခွင့်ရသည်။ကျောင်းဘက်ကို form တင်ထားတာကြာနေပြီဖြစ်သော်လည်း သူတို့ဘက်က လက်ခံလား၊လက်မခံဘူးလားဆိုပြီး သိရဖို့အတွက် အတော်လေးစောင့်လိုက်ရသည်။ပြန်စာရတော့မှသာ သူလည်းစိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနိုင်သည်။

တက္ကသိုလ်က သူတို့အိမ်ကနှင့်ဆိုလျှင် အတော်လေးလှမ်းတာကြောင့် သွားလိုက်၊လာလိုက်လုပ်ဖို့က သူ့အတွက်တကယ်ကိုပင်ပန်းလွန်းသည်။အဲ့ဒါကြောင့်ကျောင်းက dorm မှာနေဖို့အတွက် သူ့မိဘတွေကို ခွင့်တောင်းကြည့်တော့ အစပိုင်းမှာသိပ်ပြီးသဘောမကျ၊သူငယ်ချင်းကိုတောင်မှ သူတို့နှင့်အဆင်ပြေသည့်သူကိုသာ ရင်းနှီးခိုင်းသည့်အတွက် အခုလိုတုံ့ပြန်လာတာက သူ့အတွက်မထူးဆန်းပေ။တွေ့ကရာလူနှင့်သူငယ်ချင်းမလုပ်ပါဘူးဟု ပြောလိုက်မှသာ သူတို့ဘက်က ခွင့်ပြုလာတော့သည်။

"Theron၊မင်းမိဘတွေက ဒီတစ်ခေါက်တော့ မင်းကိုအလိုက်လိုက်နေတာပဲ"

Studio မှာသီချင်း edit ရင်းနှင့်မှရယ်သံစွက်ကာပြောလာသည့် Eston ကြောင့်သူခပ်တိုးတိုးလိုက်ရယ်မိသည်။အရင်ကထက်စာလျှင် သူ့မိဘတွေနှင့် ဆက်ဆံရေးက အဆင်ပြေလာတာကြောင့် Theron ၏စိတ်အစဉ်မှာကြည်လင်လို့နေသည်။ထိန်းချုပ်ခံရတာကြောင့် တစ်ခါတလေမှာ စိတ်ပင်ပန်းတတ်ပေမယ့် မိဘတွေနဲ့တကယ်ကို အဆင်ပြေချင်တာမဟုတ်လား။

"ဟုတ်တယ်ဗျာ"

"အဲ့ဒီမှာတက်ရင်လည်း တခြားသူတွေနဲ့ အဆင်ပြေအောင် ဆက်ဆံဦးနော်"

Nothing But YouWhere stories live. Discover now