Chapter-9

38 8 0
                                    

Zawgyi

"သီချင်းရေးတဲ့နေရာမှာ စိတ်ခံစားချက်က တကယ်ကိုအရေးပါတဲ့အရာတစ်ခုပဲ"

Theron ဘောပင်ကိုလှည့်နေရင်း အရှေ့ကဆရာရှင်းပြတာကို ဂရုတစိုက်နားထောင်လို့နေသည်။သီချင်းရေးတာက သူအားသာသည့်ဘက်ဖြစ်သည့်အပြင် အတော်လေးဝါသနာပါတာကြောင့် vocal class တုန်းကထက်စာလျှင် သိပ်ပြီးတော့စိတ်လှုပ်ရှားတယ်လို့ မခံစားရပေ။သူ့ဘေးနားမှာထိုင်နေသည့် Noran ကတော့စကားများနေသည့်ဆရာ့ကြောင့် ပျင်းသလိုပုံစံဖြစ်နေသည်။

"ထားပါတော့။မင်းကသိပ်ကိုတော်တဲ့ သီချင်းရေးသူဖြစ်ပြီး မင်းရဲ့စာသားတွေက ဘယ်လောက်ပဲကောင်းနေပါစေ၊ခံစားချက်ဆိုတဲ့ စိတ္တဇနာမ်မပါရင်တော့ နားထောင်ရတဲ့သူကို ထင်သလောက်ဆွဲဆောင်နိုင်မှာမဟုတ်ဘူး"

"ကိုယ်ပြောတာတွေက ပျင်းစရာကောင်းနိုင်ပေမဲ့ အခုမှစပြီးရေးကြည့်ဖို့လုပ်နေတဲ့သူတွေအတွက် အရေးပါလို့ပြောနေတယ်ဆိုတာ နားလည်မယ်ထင်တယ်"

"ဒါနဲ့မင်းတို့ထဲမှာ သီချင်းရေးဖူးတဲ့သူရောရှိလား"

Greyson ၏မေးခွန်းကြောင့် သူ့လက်တို့တုံ့ခနဲဖြစ်သွားကာ မော့ကြည့်လိုက်သည်။ဆရာကသူ့ဘက်ကို အာရုံစိုက်မနေတာမို့လို့ ဒီတိုင်းမသိသလိုနေဖို့လုပ်လိုက်ပေမဲ့ အသံကြည်ကြည်လေးက အရှေ့တန်းမှထွက်ပေါ်ပြီး အသံပိုင်ရှင်က သူ့ကိုလှည့်ကြည့်လာကာ မျက်ခုံးပင့်ပြလာသည်။Hansel မှလွဲ၍ဘယ်သူဖြစ်နိုင်ဦးမှာလဲ။တစ်တန်းလုံး၏အကြည့်က သူ့ဆီသို့ရောက်လာကြောင့် နေရခက်စွာဖြင့် နှုတ်ခမ်းတွန့်ရုံမျှပြုံးပြလိုက်သည်။

"ဪ၊Theron"

ဆရာကရယ်သံစွက်ရင်းပြောလာတော့ သူလည်းခေါင်းညိမ့်ပြလိုက်သည်။Vocal class တုန်းကသူ့ရဲ့ယုံကြည်မှုမရှိသည့်ပုံစံက ကျောင်းသားတွေကြားမှာ ရယ်စရာတစ်ခုလိုဖြစ်သွားခဲ့ရသည်။အဲ့ဒါက သူ့အတွက်ကသိကအောက်ဖြစ်စရာကောင်းနေပေမယ့် တခြားသူတွေရဲ့ ထင်မြင်ချက်ကို ဂရုစိုက်ရတာက သိပ်ကိုပင်ပန်းလွန်းတာကြောင့် လျစ်လျူသာရှုထားဖြစ်သည်။

"မင်းကသီချင်းရေးဖူးတယ်ပေါ့"

"ဟို...ရေးဖူးတယ်ဆိုပေမဲ့ ဒီတိုင်းအပျော်သဘောပါပဲ"

Nothing But YouWhere stories live. Discover now