Chapter-7

40 9 0
                                    

Zawgyi

Theron အတန်းစတက်ရမှာဖြစ်သည့်အတွက် သိပ်ကိုစိတ်လှုပ်ရှားနေသည်။စောစောထပြီးသည့်နောက် ကျောင်းဝန်းထဲမှာ တစ်ခဏမျှလမ်းလျှောက်နေလိုက်သည်။ခပ်အုံ့အုံ့ဖြစ်နေသည့်ရာသီဥတုကြောင့် တီရှပ်ပေါ်မှ အနွေးထည်တစ်ထည်ထပ်၍ဝတ်ထားရသည်။AirPods ကိုနားမှာတပ်ထားကာ သူ့နားထောင်နေကျသီချင်းကိုဖွင့်ထားတာကြောင့် စိတ်တို့ကသိပ်ကိုကြည်လင်လို့နေသည်။

အတန်ကြာသည်အထိ လမ်းလျှောက်ပြီးနောက် dorm ကိုပြန်ရောက်တော့ Noran ကအခုမှအိပ်ရာနိုးသည့်ပုံပေါ်သည်။အိပ်ရာပေါ်ကနေ သူ့ကိုမျက်မှောင်ကြုံ့၍ကြည့်နေပြီးမှ စောင်ကိုဖယ်ကာ ရေချိုးခန်းထဲသို့ ဝင်သွားတော့သည်။Noran နဲ့ပုံစံက Eston နှင့်သိပ်မတူသည့်အတွက် တစ်ခါတလေမှာ စကားပြောရတာ ကသိကအောက်ဖြစ်တတ်ပေမယ့် အဲ့ဒီကောင်လေးက သူ့ကိုအမြဲတမ်းဖော်ရွေစွာဆက်ဆံပေးတာကြောင့် နှစ်ယောက်သားအတော်ရင်းနှီးလာပြီဟုတောင်ပြောရမည်။

အနွေးထည်ကိုချွတ်လိုက်ပြီးနောက် သူ့ရဲ့စောင်ကိုခေါက်ပေးနေစဉ် Noran ကရေချိုးခန်းထဲမှ ပြန်ထွက်လာသည်။ပြီးသည့်နောက် မျက်နှာသုတ်ပုဝါကို ပုခုံးတစ်ဖက်ပေါ်မှာတင်ရင်း သူ့နားသို့လျှောက်လာကာ လုပ်နေကျအပြုအမူတိုင်းပင် နှစ်လိုဖွယ်ကောင်းအောင်ပြုံးပြ၍ စကားစလာသည်။

"ငါ့ဘာသာငါသိမ်းလို့လည်းရပါတယ်"

"မဟုတ်တာပဲ။ဒါလေးသိမ်းပေးရတာလောက်နဲ့တော့ မပင်ပန်းပါဘူး"

"အဲ့ဒီလိုဆိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။အတန်းစတက်ရတော့မှာဆိုတော့ မင်းစိတ်လှုပ်ရှားနေလား"

"အင်း၊လူအသစ်တွေနဲ့ ဆက်ဆံရတာ အဆင်ပြေပါ့မလားလို့တွေးနေတာ"

ခပ်တိုးတိုးပြောလာသည့် သူ့စကားကြောင့် Noran ကသဘောပေါက်သလို ခေါင်းညိမ့်ပြလာသည်။Theron ကသူထင်ထားတာထက်တောင် တသီးတသန့်နေတတ်သည့်သူတစ်ယောက်ပင်။သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတာတောင်မှ စကားနည်းနည်းသာပြောပြီး ကိုယ့်ဘာသာကိုယ်ပဲပြန်နေတတ်တာမို့လို့ တခြားသူတွေနဲ့ဆို ဘယ်လိုဆက်ဆံမလဲဆိုတာ သူစိတ်ဝင်စားသည်။

Nothing But YouWhere stories live. Discover now