Chapter-12

29 7 0
                                    

Zawgyi

Atlas အလုပ်အားသည့်ရက်ဖြစ်တာကြောင့် Theron နှင့် Eston တို့သူ့ရဲ့အိမ်ကို သွားဖြစ်ကြသည်။Hansel ၏အိမ်ကိုအခုမှရောက်ဖူးမှာဖြစ်တာကြောင့် Theron တကယ်ကိုစိတ်လှုပ်ရှားနေသည်။ကျောင်းပိတ်ကတည်းက သူတို့တွေ့လည်းမတွေ့ဖြစ်ကြ၊စကားလည်းမပြောဖြစ်ကြတာမဟုတ်လား။

အိမ်ကိုရောက်တော့ ဧည့်ခန်းမှာထိုင်ကာ စောင့်နေကြသည်။ခဏအကြာတွင် သူ့အခန်းထဲမှထွက်လာသည့် Atlas၊အိမ်မှာဖြစ်တာကြောင့် မြင်နေကျပုံစံနှင့်မတူညီစွာပင် လူကြီးသိပ်ဆန်မနေဘဲ လွတ်လွတ်လပ်လပ်ရှိသည့် တီရှပ်နှင့်ဘောင်းဘီကိုဝတ်ဆင်ထားသည်။သို့ပေမဲ့ သူတပ်နေကျမျက်မှန်ကတော့ မျက်နှာထက်တွင် ကြည့်လို့ကောင်းစွာနေရာယူထားဆဲပင်။

Theron ၏ဘေးနားက Eston ကိုတွေ့တော့ Atlas ၏နှုတ်ခမ်းက နှစ်လိုဖွယ်ကောင်းအောင် ပြုံးယောင်သမ်းသွားသည်။သူတို့မတွေ့ဖြစ်ကြတာ အတော်တောင်ကြာနေပြီဖြစ်သည်။တွေ့ဖို့အတွက်ကလည်း သူ့ဘက်ကစကားစဖို့ရန် အကြောင်းပြချက်ရေရေရာရာမရှိဘူးလေ။

"ကျောင်းမှာအဆင်ပြေရဲ့လား"

"ပြေပါတယ်။ကျွန်တော့်အခန်းဖော်နဲ့လည်း ရင်းနှီးနေပြီ"

"ဒါဆိုရင်တော်သေးတာပေါ့။Hansel တောင်မင်းအကြောင်းပြောသေးတယ်။မင်းတို့နှစ်ယောက်သူငယ်ချင်းဖြစ်နေကြပြီဆို"

သူ့စကားကြောင့် Theron မျက်ခုံးပင့်လိုက်မိသည်။Hansel ကတခြားသူတစ်ယောက်ကို သူ့အကြောင်းအရေးတယူလုပ်ပြီးပြောလိမ့်မယ်လို့ မထင်ထားခဲ့ပေ။သူ့ဘက်ကတင်မဟုတ်ဘဲ Hansel ဘက်ကပါသူနဲ့တကယ်ရင်းနှီးချင်တာပါလားဟု တွေးလိုက်မိတော့ ရွှင်မြူးလာသလိုခံစားရသည်။

"အင်း၊ဒါနဲ့သူရောအပြင်သွားတာလား"

"မဟုတ်ပါဘူး။သူ့အခန်းထဲမှာရှိတယ်လေ။မင်းဝင်ချင်ရင် ဝင်သွားလို့ရတယ်"

သူ့စကားကြောင့် Theron ပုံစံကတက်ကြွသည့်ပုံပေါ်လာသည်။Hansel နဲ့လည်းတကယ်တွေ့ချင်နေတာမို့လို့ Atlas ၏စကားကိုငြင်းဆန်မနေတော့။Eston ဘက်သို့လှည့်ကြည့်လိုက်ပြီးမှ Atlas ဘက်သို့ပြန်လှည့်ကာ ခပ်တိုးတိုးစကားဆိုလိုက်သည်။

Nothing But YouWhere stories live. Discover now