Chapter-17

28 7 0
                                    

Zawgyi

"မင်းတို့တွေ vocal test ဖြေပြီးပြီဆိုတော့နောက်ထပ် test တစ်ခုထပ်ဖြေရမယ်"

ဆရာ့၏စကားကြောင့် ကျောင်းသားတွေထံမှ အလိုမကျသလို ညည်းညူသံတို့ပေါ်ထွက်လာတော့သည်။Vocal test တစ်ခုတည်းနဲ့တင် စိတ်ပင်ပန်းစရာကောင်းနေတာကို ထပ်ပြီးတော့ test ဖြေရဦးမယ်တဲ့လား။Greyson ကတော့သူတို့တွေကိုကြည့်ကာ ခပ်ဖွဖွရယ်လိုက်ပြီးမှ ပြောစရာရှိသည့်စကားဆက်ပြောလိုက်သည်။

"ဒါပေမဲ့ လိုပါသေးတယ်။အခုကနည်းနည်းပြောပြထားရုံပဲ။Songwriting test မို့လို့အရင်တစ်ခေါက်ကထက်တော့ ခက်လောက်လိမ့်မယ်"

သီချင်းရေးတာက Theron သိပ်ကိုယုံကြည်မှုရှိသည့်အလုပ်တစ်ခုဖြစ်တာကြောင့် လှစ်ခနဲပြုံးလိုက်မိသည်။ဒီတစိခေါက်မှာလည်း vocal test တုန်းကလိုအမှတ်ကောင်းကောင်းထပ်ရမယ်ဆိုရင် ပြိုင်ပွဲမှာဝင်ပြိုင်နိုင်မှာမဟုတ်လား။အဲ့ဒါကြောင့် ဒီဟာကို အာရုံစိုက်၍ ကြိုးစားရမည်ဟု တွေးလိုက်သည်။

"အကြောင်းအရာကတော့ မင်းတို့စိတ်ဝင်စားလောက်မှာပါ။'အချစ်'နဲ့ပတ်သက်တဲ့ သီချင်းတစ်ပုဒ်ကိုရေးရမယ်။သဘောကျတဲ့ကောင်လေး၊ကောင်မလေးကိုမှ ပြောတာမဟုတ်ဘူး။ကြိုက်သလို အဓိပ္ပာယ်ဖွင့်လို့ရတယ်"

ခုနကလောက်ပျင်းပုံမရတော့သည့် ကျောင်းသားတွေကြောင့် Greyson သဘောတကျရယ်လိုက်တော့သည်။လူငယ်တွေဆိုတဲ့အတိုင်းပဲ အဲ့ဒီအကြောင်းနဲ့ပတ်သက်ရင် သိပ်ကိုစိတ်ဝင်စားတတ်ကြပါရော့လား။ရှင်းစရာရှိတာဆက်ရှင်းပြပြီးသည့်နောက် အတန်းချိန်လည်းပြီးသွားပြီမို့လို့ ကျောင်းသားတွေလည်း နေ့လယ်စာစားဖို့ cafeteria ကိုဦးတည်လာလိုက်ကြသည်။

Hansel အခုတလောမှာ Theron နဲ့သိပ်ပြီးတော့ရင်းရင်းနှီးနှီးစကားမပြောဖြစ်ပေ။သူ့ဘက်တမင်လျစ်လျူရှုနေမိတာလို့လည်း ပြော၍ရသည်။အဓိကကတော့သူ Jeremiah အပေါ်ပို၍အာရုံစိုက်ချင်သည်။Jeremiah ကသူ့ရဲ့ကောင်လေးဖြစ်နေတာတောင် တခြားတစ်ယောက်အကြောင်းကို တွေးမိနေတာက သူ့ကိုအတော်လေးမလုံမလဲဖြစ်စေသည်။အဲ့ဒါကြောင့် ကိုယ့်စိတ်ကိုယ်တတ်နိုင်သလောက် ပြင်ကြည့်နေခြင်းဖြစ်သည်။

Nothing But YouWhere stories live. Discover now