Chapter-31

37 7 0
                                    

Zawgyi

ပြိုင်ပွဲနေ့ဖြစ်တာကြောင့် သူတို့ကျောင်းမှာ အတော်လေးကို ရှုပ်ရှက်ခက်လို့နေသည်။ဒီတစ်ခေါက်ပြိုင်ခွင့်ရသည့် ကျောင်းသားတွေက စင်အနောက်ဘက်မှာ စာသားတွေကိုပြန်ကြည့်နေကြပြီး တခြားကျောင်းသားတွေကတော့ ဆရာတွေကိုလိုက်၍ကူပေးနေကြသည်။တချို့ကတော့ အဝတ်လဲခန်းထဲမှာ သူတို့နှင့်လိုက်မည့် အဝတ်အစားတွေကို ရွေးနေကြတုန်းဖြစ်သည်။

Theron အဝတ်အစားလဲပြီးသည့်နောက် မှန်ထဲက ကိုယ့်ပုံစံကိုယ်ကြည့်ရင်း သက်ပြင်းချလိုက်သည်။သူလိုချင်တဲ့ အခွင့်အရေးက သူ့ဆီရောက်လာပြီဖြစ်သည့်အတွက် ကောင်းကောင်းလုပ်ပြမှဖြစ်မည်။နည်းနည်းလေးတောင် မှားလို့မရ၊ဒီပြိုင်ပွဲမှာ အနိုင်ရရှိသည့်သူက သူတစ်ယောက်တည်းသာဖြစ်ရမည်ဟု ခပ်တိုးတိုးပြောနေမိသည်။

လေ့ကျင့်တဲ့ရက်တွေမှာ စိတ်ရော၊လူပါပင်ပန်းတာကြောင့် တလွဲတွေချည်းလုပ်ခဲ့မိပေမယ့် Josiah ကသူ့ကိုအနည်းငယ် guide လာလုပ်ပေးတာကြောင့် တော်သေးသည်ဟုပြောရမည်။အဆိုတော်ဖြစ်ဖို့ဆိုတာက ငယ်ငယ်ကတည်းက သူ့ရဲ့အိပ်မက်၊မိဘတွေအမြဲတမ်းလှောင်ရယ်နေခဲ့သည့်အရာ၊Theron ကသူတို့တွေထင်နေသလို ခပ်ကြောက်ကြောက်ကောင်လေးမဟုတ်ဘူးဆိုတာကိုသိစေချင်သည်။သူတို့ရဲ့သားက ဂီတနှင့်ပတ်သက်ရင် သိပ်ကိုတော်တဲ့သူတစ်ယောက်ဆိုတာကို ပြချင်သည်။

စိတ်လှုပ်ရှားနေတာမို့လို့ ခပ်ဖွဖွဆုပ်ထားသည့်လက်ကိုဖြန့်လိုက်တော့ guitar pick လေးတစ်ခု၊ပြိုင်ပွဲမတိုင်ခင်ကတည်းက Hansel သူ့ကိုပေးထားတာဖြစ်သည်။ဒါရှိနေရင် မင်းကောင်းကောင်းလုပ်နိုင်မှာဟု တက်တက်ကြွကြွပြောဖူးသည့်ကောင်လေးကြောင့် ဒါကိုသူသိမ်းထားတတ်သည်။တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင် သူတို့ကပြိုင်ဘက်တွေလေ။သို့သော်ငြား အဲ့ဒီကောင်လေးက သူ့ကိုနိုင်စေချင်ပုံပေါ်သည်။

"Theron"

ရင်းနှီးနေသည့်အသံကြောင့် သူ့မျက်ဝန်းတွင် ပျော်မြူးရိပ်တို့ ထင်ဟပ်သွားကာ ဖျတ်ခနဲလှည့်ကြည့်လိုက်သည်။သူ့ဆီသို့လျှောက်လာသည့် Eston ကိုတွေ့တော့ ထိုင်နေရာမှထလိုက်ပြီးနောက် ပျော်ရွှင်စွာဖြင့် ဖက်လိုက်တော့သည်။ထိုအပြုအမူကို Eston ကသဘောတကျရယ်ပြီးမှ သူ့ကိုပြန်၍ခပ်ဖွဖွဖက်လာသည်။ခဏအကြာမှ ဖယ်ပေးလိုက်တော့ Eston ကသူ့ပါးတစ်ဖက်ကို ဖိဆွဲလာတော့သည်။

Nothing But YouWhere stories live. Discover now