Chapter-5

60 9 2
                                    

Zawgyi

Hansel သူ့ကိုကြောင်တောင်တောင်နှင့်ကြည့်နေသည့် အရှေ့ကလူကိုကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည်။သူ့အစ်ကိုနှင့်ခုနက တရင်းတနှီးပြောနေတာကို တွေ့လိုက်တာကြောင့် ရင်းနှီးကြမယ်ဆိုတာကို ခန့်မှန်းမိလိုက်သည်။သူ့ကိုမြင်ဖူးသလိုရှိနေသော်လည်း ဘယ်သူလဲဆိုတာ Hansel အတွေးထဲမဝင်လာပေ။

"ဒါကကိုယ့်ညီလေးလေ။Hansel လို့ခေါ်တယ်။မင်းလိုပဲ အထက်တန်းဖြေထားတာ"

Theron အရှေ့ကကောင်လေးကိုကြည့်ကာ တဖြည်းဖြည်းနှင့် စိတ်လှုပ်ရှားလာရသည်။စတွေ့တုန်းက ပြုံးယောင်သမ်းနေသည့် မျက်ဝန်းညိုတို့က အခုကျပြန်တော့ သူ့ကိုသဘောမကျသလို မျက်မှောင်ကြုံ့၍ကြည့်နေသည်။သူ့ကိုသိလောက်လားဆိုသည့်အတွေးနှင့် ကိုယ့်နှုတ်ခမ်းကိုယ်ဖိကိုက်လိုက်ပြီးနောက် အရှေ့ကကောင်လေးကို ခပ်တိုးတိုးစကားဆိုလိုက်သည်။

"Hansel၊ငါ့ကိုမှတ်မိလား"

"ဟမ်၊မင်းတို့နှစ်ယောက်က သိကြတယ်ပေါ့"

အံ့ဩသလိုပုံစံနှင့် ပုခုံးကိုခပ်ဖွဖွတွန်းကာ မေးလာသည့် သူ့အစ်ကိုကြောင့် Hansel ၏မျက်နှာဟာပို၍ပင်မကြည်မလင်ဖြစ်လာရသည်။မြင်ဖူးသလိုလိုရှိပေမယ့် သိတာကတော့ တကယ်မသိဘူးလေ။အဲ့ဒါကို အရှေ့ကလူကရော ဘာလို့သူ့ကိုသိသလိုပုံစံလာလုပ်ပြနေရတာလဲ။သိပ်ကိုစိတ်ရှုပ်စရာကောင်းလွန်းတယ်ဟုတွေးလိုက်ပြီးနောက် ခပ်ဆတ်ဆတ်အသံလေးဖြင့် တုံ့ပြန်လိုက်သည်။

"ဟင့်အင်း၊မသိပါဘူး။သူနဲ့အခုမှတွေ့ဖူးတာကို"

ထိုကောင်လေး၏တုံ့ပြန်စကားကြောင့် Theron သက်ပြင်းချလိုက်မိတော့သည်။ဟုတ်တော့လည်းဟုတ်တာပဲ။ခဏလောက်ပဲတွေ့ဖူးတဲ့ သူစိမ်းတစ်ယောက်ကို ဘယ်သူကအရေးတယူလုပ်ပြီး စဉ်းစားနေမှာလဲ။သူ့ဘက်ကသာ ဒီကောင်လေးကို ခဏခဏတွေးနေမိလို့ မှတ်မိနေတာ။

"ထားပါတော့။Hansel၊သူကအစ်ကိုစာသင်ပေးရတဲ့ ကျောင်းသားလေ။Theron လို့ခေါ်တယ်"

"အင်း၊ဒါနဲ့ကျွန်တော်သဘောကျတာ တွေ့ထားတယ်။နည်းနည်းလေးတော့ ဈေးကြီးပေမယ့် ဝယ်ပေးမှာမဟုတ်လား"

Nothing But YouWhere stories live. Discover now