Chapter-16

38 7 0
                                    

Zawgyi

Eston စာလိုက်ကြည့်နေသော်လည်း အတွေးထဲတွင် Atlas အကြောင်းတွေချည်းပဲဖြစ်တာကြောင့် အတော်လေးကို စိတ်ရှုပ်ရသည်။Theron ကိုပြောပြပြီးပြီဖြစ်ပေမယ့် အဲ့ဒီကောင်လေးက သီချင်းအကြောင်းကလွဲလျှင် ဘာမှသိပ်ပြီးစိတ်မဝင်စားတာကြောင့် အချစ်အကြောင်းနဲ့ပတ်သက်ပြီး သူ့ကိုအကြံပေးတတ်မှာလည်းမဟုတ်ဘူးလေ။သူငယ်ချင်းတွေကို ပြောပြဖို့ကလည်း သူကြိုက်နေတာယောက်ျားတစ်ယောက်မှန်းသာသိရင် သူတို့သဘောကျပါ့မလားဟုအတွေးလွန်နေမိသည်။

အတန်းချိန်ပြီးသွားတော့ လွယ်အိတ်ကိုပုခုံးတစ်ဖက်မှာလွယ်လိုက်ကာ အပြင်သို့ထွက်လာသည်။မကြည်မလင်ဖြစ်နေသည့် သူ့မျက်နှာကို လူတွေကထူးဆန်းသလို ကြည့်နေကြသော်လည်း သူကတော့ဂရုစိုက်ချင်စိတ်မရှိပေ။Cafeteria ဘက်သို့ဦးတည်လိုက်ပေမယ့် နေ့လယ်စာစားချင်စိတ်မရှိတာကြောင့် အိမ်ပြန်ဖို့စဉ်းစားလိုက်သည်။

ကျောင်းပြင်ကိုရောက်တော့ ကားတွေရပ်ထားသည့်နေရာမှာ သူအတော်လေးရင်းနှီးနေသည့်ကားတစ်စီးကိုတွေ့သည်။သိချင်စိတ်ဖြင့် လှမ်ရကြည့်လိုက်မိတော့ ကားနားတွင်ရပ်နေသည့်လူက သူ့ဘက်သို့လှည့်လာတာကြောင့် သူအမြန်မသိချင်ယောင်ဆောင်လိုက်သည်။အကြောင်းအရင်းမရှိဘဲနဲ့ Atlas ကသူတို့ကျောင်းကို ဘာလို့များရောက်နေရတာလဲ။သူ့ကိုတွေ့ချင်လို့ လာတာတော့မဟုတ်ဘူးမလားဟုတွေးကာ ဘာလုပ်ရမှန်းမသိဖြစ်နေရသည်။

"ကိုယ်မင်းကိုစောင့်နေတာ"

လှည့်ထွက်သွားမလို့လုပ်လိုက်ပေမယ့် သူ့နားသို့လှစ်ခနဲရောက်လာကာ လက်ကိုလာဆွဲသည့် Atlas ကြောင့်ခြေလှမ်းတို့ကတုံ့ခနဲဖြစ်သွားတော့သည်။မစဉ်းစားတတ်တော့တာကြောင့် လျစ်လျူရှုမနေတော့ဘဲ နှစ်ယောက်သားမျက်နှာချင်းဆိုင်ဖြစ်စေကာ နှုတ်ခမ်းတွန့်ရုံမျှပြုံးပြလိုက်သည်။အဲ့ဒီတော့မှ သူ့ကိုပြန်၍ပြုံးပြလာကာ ကိုင်ထားသည့်လက်ကိုလွှတ်ပေးလာသည်။

"အမ်၊ကျောင်းကိုဘယ်လိုလုပ်ရောက်နေတာလဲ"

"မင်းကိုတွေ့ချင်လို့လေ"

Eston ရှက်ရိပ်သန်းသွားကာ တစ်ဖက်သို့အကြည့်လွှဲလိုက်သည်။တွေ့မယ်လုပ်တုန်းက မိန်းကလေးတစ်ယောက်နဲ့နမ်းနေခဲ့တာကို သူကိုယ်တိုင်တွေ့ခဲ့တာတောင် အခုသူ့ကိုတွေ့ချင်တယ်လို့ လာပြောနေသေးတယ်။Atlas ကသူ့ကိုတကယ်ပဲ ညီလေးတစ်ယောက်လိုမြင်နေပုံရသည်။

Nothing But YouWhere stories live. Discover now