Chapter-36||Final||

225 5 0
                                    

Zawgyi

Theron သူ့ရဲ့သီချင်းအတွက် နှင့်စကားပြောနေရတာမို့လို့ ကျောင်းကိုအနည်းငယ်နောက်ကျမှရောက်ဖြစ်သည်။Josiah ကနောက်ကျရင်သဘောမကျတတ်တာမို့လို့ အတန်းရှိရာသို့ အမြန်လမ်းလျှောက်သွားလိုက်သည်။အခန်းထဲသို့ မဝင်သေးဘဲ အပြင်ကနေကြည့်လိုက်တော့ Josiah ကစာသင်နေတာကြောင့် ခွင့်တောင်းလိုက်ရင်ကောင်းမလားဟုစဉ်းစားနေမိသည်။

"ဘာလုပ်နေတာလဲ။ရောက်ရင်လည်းလာထိုင်တော့"

သူ့ကိုမကြည့်ဘဲပြောလာသည့် Josiah ကြောင့် Theron မနေတတ်သလိုပြုံးပြလိုက်ပြီးနောက် Noran ၏ဘေးနားမှာဝင်ထိုင်လိုက်သည်။ Noran ကပြီးမှစာပြန်ရှင်းပြမည်ဟုပြောလာတာကြောင့် Theron သူ့ကိုခေါင်းညိမ့်ပြလိုက်ကာ ဆရာရှင်းပြတာကိုပဲ အရင်နားထောင်နေလိုက်တော့သည်။Josiah ၏အတန်းချိန်ပြီးသွားတော့ နေ့လယ်စာစားချိန်ဖြစ်တာကြောင့် သူတို့တွေ cafeteria ဘက်သို့ဦးတည်လာလိုက်ကြသည်။

မနက်ကတည်းက ဘာမှမစားရသေးတာဖြစ်သည့်အတွက် Theron အတော်လေးအဆင်မပြေဖြစ်နေတာဖြစ်သည်။နည်းနည်းပင်ပန်းနေပုံရသည့်သူ့မျက်နှာကိုကြည့်ကာ Hansel ကနေ့လယ်စာစားနေရာမှ သူ့ဘက်သို့လှည့်ကြည့်လာသည်။ပြီးသည့်နောက် စိတ်ပူနေသလို အသံခပ်တိုးတိုးဖြင့် မေးလာတော့သည်။

"ခေါင်းမူးနေလို့လား"

"နည်းနည်းပါ။မနက်စာမစားရသေးလို့လေ"

Hansel ၏စိတ်ပူသလိုမေးခွန်းကို ခပ်ဖွဖွပြုံးရင်း တုံ့ပြန်လိုက်တော့ တစ်ဖက်ကကောင်လေး၏မျက်ခုံးတို့မှာ တွန့်ချိုးသွားတော့သည်။အခုတလောမှာ အလုပ်ရော၊ကျောင်းရောကြောင့် ပင်ပန်းနေတာသိပေမယ့်လည်း မနက်စာကိုတော့ စားကိုစားရမည်မဟုတ်လား။Theron ကတကယ်ကိုပြောရခက်လွန်းသည်ဟု သူတွေးလိုက်သည်။

"စိတ်မဆိုးပါနဲ့"

"ငါစိတ်ဆိုးနေတာမဟုတ်ဘူး။မင်းကိုစိတ်ပူနေတာ"

သူ့ရဲ့အသံကခပ်တည်တည်ဖြစ်သွားတာကြောင့် Theron မနေတတ်သလိုပုံစံဖြင့် သက်ပြင်းခပ်ဖွဖွချလိုက်သည်။Hansel သူ့ကိုဂရုစိုက်တာသိပေမယ့် သူကိုယ်တိုင်ကလည်းအခုတလောမှာ အလုပ်တွေချည်းရှုပ်နေတာလေ။နောက်ပြီးအခုမှအလုပ်အတူတူလုပ်ဖူးတာကြောင့် တစ်ဖက်လူကိုစိတ်မပျက်စေချင်တာရောကြောင့် စကားနားမထောင်မိတာဖြစ်သည်။

Nothing But YouWhere stories live. Discover now