Chapter-18

33 7 0
                                    

Zawgyi

ကျောင်းပိတ်ရက်ဖြစ်တာကြောင့် Alora နှင့်အတူ Eston အပြင်သွားဖြစ်သည်။Alora ကကျောင်းပိတ်ရက်တိုင်းမှာ မူကြိုကျောင်းတစ်ကျောင်းမှာ အချိန်ပိုင်းဆရာမလုပ်တာဖြစ်သည့်အတွက် Eston သူ(မ)ကိုကျောင်းသို့လိုက်ပို့ပေးရခြင်းဖြစ်သည်။ကျောင်းရှေ့ကိုရောက်တော့ Alora ကကားပေါ်မှဆင်းကာ သူ့ကိုကျေးဇူးတင်စကားပြောဖို့လုပ်လာတော့ Eston နှုတ်ခမ်းတွန့်ရုံမျှပြုံးလိုက်ကာ သူ(မ)ထက်အရင်ပြောလိုက်သည်။

"ငါတို့ကသူငယ်ချင်းတွေပဲ။ကျေးဇူးတင်စရာမလိုပါဘူး"

"အင်း၊ဒါနဲ့နင်ပဲပြောတော့ Atlas နဲ့တွေ့ဖို့ရှိတယ်ဆို။အခုလိုငါ့ကိုစောင့်ပေးနေရတော့ တစ်ဖက်ကိုမလေးစားသလိုဖြစ်နေမှာစိုးလို့ပါ"

"ရပါတယ်။သူကအဲ့ဒီလိုလူမဟုတ်ဘူးလေ"

တကယ်တော့ အစက Atlas နှင့်တွေ့ဖို့လုပ်ထားပေမယ့် Alora ကသူ့ကိုအကူအညီတောင်းလာတာကြောင့် Eston လည်း Atlas ကိုဖုန်းပြန်ဆက်ကာ နောက်မှတွေ့ကြဖို့ပြောခဲ့ပြီးပြီဖြစ်သည်။Atlas ဘက်ကဖွင့်ပြောပြီးသွားတော့ Eston တို့နှစ်ယောက်တွဲဖြစ်ကြသည်။အရင်ကတည်းက သဘောကျနေပြီးသားသူမို့လို့ သူ့ဘက်ကလည်းသိပ်ပြီးစဉ်းစားနေစရာမလိုပေ။

"ဒါဆိုရင်တော့ တော်သေးတာပေါ့"

"ငါကားအရင်ရပ်လိုက်ဦးမယ်"

"ကောင်းပါပြီ"

Alora ကခေါင်းညိမ့်ပြကာ ကျောင်းထဲသို့ဝင်သွားတော့ Eston လည်းကားရပ်ရမည့်နေရာမှာ သူ့ရဲ့ကားကိုရပ်လိုက်သည်။မူကြိုကျောင်းဖြစ်တာကြောင့် ကျောင်းထဲမှာကလေးတွေကစားဖို့လုပ်ထားသည့် ကစားကွင်းသေးသေးလေးရှိသည်။Eston ကအရင်ကတည်းက ကလေးချစ်တတ်တာကြောင့် ကျောင်းသားလေးတွေနဲ့ စကားပြောဖို့အတွက် စိတ်လှုပ်ရှားနေမိသည်။

အတန်းထဲကိုဝင်လာလိုက်တော့ ကြမ်းပြင်ပေါ်တွင်ထိုင်ကာ အရုပ်တွေနှင့် စကာားနေကြသည့်ကလေးတွေကိုတွေ့သည်။အပြုအမူလေးတွေက သိပ်ကိုချစ်စရာကောင်းတာကြောင့် မခိုင်းစေပါဘဲနှင့် Eston ၏နှုတ်ခမ်းတွင် အပြုံးတစ်ခုဖြစ်တည်လာသည်။ပြီးသည့်နောက် Alora ကိုလိုက်ရှာမိတော့ သူ(မ)ကဆရာမတစ်ယောက်နှင့်စကားပြောနေတာကြောင့် အနားသို့လျှောက်သွားလိုက်သည်။

Nothing But YouWhere stories live. Discover now