Zawgyi
ကျောင်းတွေပြန်ဖွင့်တော့ vocal test အတွက်လေ့ကျင့်ကြရသည်။အရင်ကထက်စာလျှင် Theron လည်းဆရာတွေနဲ့ ပိုရင်းနှီးလာပြီး ဆက်ဆံရတာလည်းအဆင်ပြေလာသည်။Test ဖြေရမှာကနီးလာပြီဖြစ်တာကြောင့် ကျောင်းပြန်ဖွင့်ကတည်းက သူ့ရဲ့အသံလေ့ကျင့်သည့်ဘက်မှာသာ ပို၍အာရုံစိုက်ဖြစ်သည်။
"ငါတအားစိတ်လှုပ်ရှားနေတယ်"
သူ့ရဲ့ဘေးမှာထိုင်နေသည့် Noran ကအနားသို့ကပ်ကာ ခပ်တိုးတိုးပြောလာတော့ သူခပ်ဖွဖွရယ်လိုက်သည်။တကယ်တမ်းကျတော့ သူကိုယ်တိုင်လည်းသိပ်ကိုစိတ်လှုပ်ရှားနေတာလေ။ဒီမှာသာအမှတ်ကောင်းကောင်းရရင် ပြိုင်ပွဲမှာဝင်ပြိုင်နိုင်ဖို့အခွင့်အရေးရမှာမို့လို့ ကျောင်းသားတိုင်းကလည်း သူတို့လိုဖြစ်နေမှာအမှန်ပင်။
Noran နှင့်စကားပြောပြီးသည့်နောက် Hansel ကိုလှည့်ကြည့်လိုက်တော့ အဲ့ဒီကောင်လေးကခေါင်းငုံ့ထားပြီး ခြေထောက်တို့ကိုခပ်ဖြည်းဖြည်းလှုပ်နေသည်။ဒါကသူစိတ်လှုပ်ရှားတိုင်း လုပ်တတ်သည့်အပြုအမူမှန်းသိတာကြောင့် ပုခုံးကိုတို့ထိလိုက်တော့ သူ့ကိုမော့ကြည့်လာသည်။Theron သူ့လက်ကိုခပ်ဖွဖွဆုပ်ကိုင်လိုက်ပြီးနောက် ပြုံးရင်းနှင့်စကားဆိုလိုက်သည်။
"မင်းကငါတို့ထက်တော်တာပဲ။ကောင်းကောင်းလုပ်နိုင်မှာပါ"
"ဘယ်လိုပဲဖြစ်ဖြစ် ငါအမှတ်များများရမှဖြစ်မှာ"
Hansel ကအနိုင်လိုချင်စိတ်များသည့်သူတစ်ယောက်ဆိုတာ သူခန့်မှန်းမိသည်။ကြည့်လိုက်ရင် ဘာကိုမှဂရုမစိုက်ဘဲ သူသဘောကျတာကိုပဲလုပ်တတ်သည့်သူဟုထင်ရပေမယ့် တကယ်တမ်းကျတော့ အဲ့ဒီလိုမဟုတ်ပေ။အမြဲတမ်းသူများထက်ကောင်းကောင်းလုပ်နိုင်မှ ကျေနပ်သည့်သူဖြစ်သည်။
"Jeremiah၊မင်းအလှည့်ရောက်တော့မယ်နော်"
စီနီယာတစ်ယောက်၏စကားသံကြောင့် Hansel ၏အကြည့်တို့က Jeremiah ဆီသို့ရောက်ရှိသွားသည်။သူတို့တွေမျက်နှာချင်းမဆိုင်ဖြစ်တာတောင် အတော်ကြာနေပြီဖြစ်သည်။အရင်က dorm မှာ Jeremiah နဲ့တစ်ခန်းတည်းနေတာဖြစ်ပေမယ့် သူတို့ရန်ဖြစ်ပြီးကတည်းက Joel နှင့်အခန်းလဲလိုက်ခြင်းဖြစ်သည်။

YOU ARE READING
Nothing But You
RomanceIf we're not meant to be,I will make my own destiny just to be with you. Note-This fiction is just my imagination.Thank you. Start date-1/3/2022 End date-30/6/2022