Chapter-28

40 7 0
                                    

Zawgyi

ပြိုင်ပွဲနီးလာပြီဖြစ်သည့်အပြင် test ကလည်းတစ်ခုပဲ ကျန်တော့တာကြောင့် ကျောင်းသားတွေက ကိုယ့်ကိုယ်ကိုယ်ပိုပြီးကောင်းအောင်လေ့ကျင့်ရင်း အလုပ်ရှုပ်နေကြသည်။Theron ကလည်းထိုနည်းတူစွာပင်ဖြစ်သည်။တခြားသူတွေရဲ့ အရှေ့မှာ သီချင်းဆိုပြဖို့အတွက် အနည်းငယ်စိတ်လှုပ်ရှားနေတာရော၊ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတာရောကြောင့် အခုတလောမှာ သိပ်ကိုစိတ်ဖိစီးနေရသည်။

"မဟုတ်သေးဘူး။ဒီနားကိုပြန်ဆိုကြည့်"

သီးသန့်လေ့ကျင့်သည့်အခန်းထဲတွင် Josiah ကသူ့ကိုခဏလောက် guide လာလုပ်ပေးသည်။အမြဲတမ်းဆိုကြည့်နေတာ အဆင်ပြေနေပါလျှက်နဲ့ အခုမှကီးမမှန်တာကြောင့် သူလည်းကိုယ့်ကိုယ်ကိုယ်ဒေါသထွက်လာရသည်။စိတ်ရှုပ်လာတာမို့လို့ သီချင်းဆိုနေတာကို ခဏရပ်ကာ ရေအနည်းငယ်မော့သောက်လိုက်သည်။

"စိတ်လှုပ်ရှားနေတာလား"

"အင်း၊နည်းနည်းပါပဲ"

"Theron၊အခုလေ့ကျင့်နေတုန်းမှာ မင်းကြိုက်သလောက်စိတ်လှုပ်ရှားလို့ရပေမယ့် ပြိုင်ပွဲကျရင်တော့ နည်းနည်းလောက်လွဲလိုက်တာနဲ့ တခြားသူက အနိုင်ရဖို့အခွင့်အရေးရသွားမှာနော်"

"ကျွန်တော်သိပါတယ်"

Vocal test ရော songwriting test မှာပါအမှတ်ကောင်းသည့်အတွက် Theron ကပြိုင်ပွဲမှာဝင်ပြိုင်လို့ရမည်ဆိုတာ ခန့်မှန်းနေစရာမလိုတော့ပေ။အဲ့ဒီလို test တွေမှာကောင်းကောင်းလုပ်ခဲ့သလို တကယ့်ပြိုင်ပွဲမှာလည်း သူကဂီတဘက်မှာ သိပ်ကိုတော်တဲ့သူတစ်ယောက်ဖြစ်ကြောင်းပြချင်သည်။အထူးသဖြင့် သူ့ကိုအမြဲတမ်းအထင်သေးတတ်သည့် သူ့မိဘတွေရဲ့ သူ့အပေါ်ထားတဲ့ အမြင်ကိုနည်းနည်းလောက်ပြောင်းလဲသွားစေချင်သည်။

"စိတ်ငြိမ်သွားရင် ငါ့ကိုဂရုစိုက်မနေဘဲ dorm မှာကိုယ့်ဘာသာကိုယ်သီချင်းသလို ပုံမှန်အတိုင်းဆိုကြည့်လိုက်"

Theron သူ့စကားကိုခေါင်းညိမ့်ရင်း တုံ့ပြန်လိုက်ပြီးနောက် မျက်လုံးကိုခပ်ဖွဖွမှိတ်လိုက်သည်။လှုပ်ရှားနေသည့်စိတ်အစဉ်ကို အရင်တည်ငြိမ်အောင်ထားလိုက်ကာ ခုနကလွဲနေသည့်နေရာကို ပြန်ဆိုကြည့်တော့ ကြည်လင်နေသည့်ယောက်ျားဆန်ဆန်အသံက နားထောင်လို့ပေါင်းစွာ ပေါ်ထွက်လို့လာသည်။အဲ့ဒီတော့မှ Josiah လည်းကျေနပ်သလိုပြုံးလိုက်တော့သည်။

Nothing But YouWhere stories live. Discover now