Chapter-2

122 9 0
                                    

Zawgyi

ကျောင်းရုံးခန်းထဲတွင် Theron တစ်ယောက်ထိုင်ကာ သူ့မိဘတွေအလာကို စောင့်နေသည်။သူ့အရှေ့က ခုံမှာ ထိုင်နေသော ကျောင်းအုပ်၏ မျက်နှာကတော့ ပကတိတည်တင်းနေလျက်။ခဏအကြာတွင် အလောတကြီးနှင့် ရုံးခန်းထဲသို့ ဝင်လာသော သူ့အမေ Laura ကြောင့် သူလေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။စိတ်ညစ်စရာစကားတွေ ထပ်ကြားရဦးမှာပဲ။

"ရောက်ပြီလား။ထိုင်ပါဦး"

Laura တစ်ယောက် Theron ဘေးက လွတ်နေသည့်ခုံမှာ ထိုင်လိုက်ပြီး Theron ဘက်သို့ ခပ်စူးစူးလှည့်ကြည့်လာသောကြောင့် သူမျက်နှာလွှဲလိုက်သည်။Aircon ခန်းထဲမှာမို့လို့လားတော့မသိ၊လေထုက သာမန်ထက်ပိုအေးစက်နေသည်။ကျောင်းအုပ်က စားပွဲပေါ်မှာတင်ထားသော စာရွက်ကိုယူကာ Laura ရှေ့သို့ ကမ်းပေးလိုက်သည်။

ထိုစာရွက်ကိုကြည့်၍ Laura ၏မျက်နှာက ချက်ချင်းဆိုသလိုတင်းခနဲပင်။Theron လည်းအံကိုကြိတ်၍ ခေါင်းကိုသာငုံ့ထားမိသည်။ကျောင်းအုပ်ကတော့ သူ့လက်နှစ်ဖက်ကို ယှက်ထားကာ သူ(မ)အား တိတ်တဆိတ်ကြည့်နေလိုက်သည်။အတန်ကြာတော့မှ စားပွဲကိုလက်ညိုးဖြင့်ခပ်ဖွဖွတောက်ရင်း စကားစလာသည်။

"ပြောရရင် Theron က တကယ်တော်တဲ့ ကလေးပါ။အဲ့ဒါကိုကျွန်တော်တို့အားလုံးအသိပဲလေ။ဒါပေမဲ့ ဒီလတွေမှာ သူစာဘက်ကို အာရုံမရောက်သလိုပဲ။အပြစ်ပြောချင်တာတော့ မဟုတ်ပေမယ့် Theron ကို စာဘက်မှာ ဒီ့ထက်ပိုအာရုံစိုက်ခိုင်းဖို့ ကျွန်တော်တောင်းဆိုချင်တယ်။ပြီးတော့စာမေးပွဲကလည်း နီးလာပြီမဟုတ်လား"

Laura ခေါင်းကို လေးလေးပင်ပင်ညိမ့်ရင်း သူ့သား၏အမှတ်စာရင်းကိုသာကြည့်နေမိသည်။အရင်ကထက် တော်တော်လေးလျော့ကျသွားသော အမှတ်တွေကို ကြည့်၍ သူ(မ)၏မျက်ခုံးတို့ကတွန့်ချိုးလို့နေသည်။Theron ကတော်တော်လေးကို ပျက်စီးနေတာပဲ။

"ကျွန်မသူ့ကိုကောင်းကောင်းဆုံးမလိုက်ပါ့မယ် Mr.Wilson။ပြောပြပေးတဲ့အတွက် ကျေးဇူးပါ။ဒါဆို သွားလိုက်ပါဦးမယ်"

"အင်း၊ကောင်းပါပြီ"

သူ(မ)က ခပ်ဆတ်ဆတ်ပြောကာအရှေ့မှ ထွက်သွားတော့ Theron လည်းကျောင်းအုပ်ကို နှုတ်ဆက်လိုက်ပြီး အခန်းပြင်သို့ ခပ်ကုတ်ကုတ် ထွက်လာလိုက်သည်။ကားပေါ်တက်တက်ချင်းပင် သူ့မျက်နှာပေါ်သို့ ခပ်ပြင်းပြင်းကျရောက်လာသော သူ့အမေ၏ လက်ဖဝါးကြောင့် မယုံကြည်နိုင်သောမျက်လုံးများဖြင့် သူ(မ)အား ကြည့်လိုက်သည်။

Nothing But YouWhere stories live. Discover now