Zawgyi
သီချင်းအသစ်ရေးရမှာဖြစ်သည့်အတွက် Theron အခုတလောမှာဘာကိုမှ အာရုံမစိုက်နိုင်ပေ။အဆင်မပြေတာတွေကို ခဏခဏပြန်တွေးနေလို့လည်း ဘယ်သူကမှ သူ့ကိုယုံကြည်ပေးမှာမဟုတ်သည့်အတွက် မေ့ဖို့ပဲစဉ်းစားလိုက်သည်။စာသင်ချိန်ပြီး၍ နေ့လယ်စာစားဖို့အတွက် cafeteria ကိုဦးတည်နေစဉ် ကျောင်းသားတွေ၏ စကားသံတချို့ကြောင့် သူ့ခြေလှမ်းတို့က တုံ့ခနဲဖြစ်သွားသည်။
"Theron ကတကယ်မထင်ရဘူးနော်"
"ငါကတော့အစကတည်းက ထင်နေပြီးသားပါကွာ။အဲ့ဒီကောင်က Jeremiah ကိုဆိုရင်အမြဲတမ်းလိုက်ပြိုင်ချင်နေတာလေ။ဒါပေမဲ့ Jeremiah ကသူ့ထက်တော်နေတော့ အခုလိုသူများရေးထားတာ ခိုးဖို့ပဲတတ်နိုင်တာပေါ့"
"အင်း၊မင်းပြောတာလည်းဟုတ်တာပဲ"
"ထင်ရာတွေလျှောက်ပြောမနေနဲ့။ငါ့သူငယ်ချင်းက ဘယ်တော့မှအဲ့ဒီလိုမလုပ်ဘူး!"
သည်းမခံနိုင်သည့် Noran ကအနောက်သို့လှည့်၍ပြောလေတော့ ထိုကောင်လေးနှစ်ယောက်က သူ့ကိုလှောင်ရယ်သလိုကြည့်ကာ အနားမှထွက်သွားကြတော့သည်။ဒေါသထွက်နေပုံရသည့် Noran ကိုပုခုံးမှဖက်လိုက်ကာ စိတ်လျှော့ဖို့ပြောလိုက်တော့မှ နည်းနည်းငြိမ်သွားတော့သည်။ပြီးသည့်နောက် အားမလိုအားမရဖြစ်သည့်ပုံစံနှင့် သူ့ကိုကြည့်လာသည်။
"ကျစ်၊စိတ်ပျက်စရာကောင်းလိုက်တာကွာ"
"လိုက်ပြီးပြောမနေပါနဲ့တော့။လူတွေက အဲ့ဒီလိုပဲလေ"
"ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စမှာ မင်းမှမမှားတာ"
"ဒါပေမဲ့ သူတို့မသိဘူးလေ။မင်းလိုက်ပြောရင်လည်း သူတို့ကသူငယ်ချင်းမို့လို့ ဘက်လိုက်တယ်လို့ထင်ကြမှာ။မင်းကတော့ငါ့ကိုယုံတယ်မဟုတ်လား"
"အာ၊ယုံတာပေါ့။မင်းငါ့အရှေ့မှာတင် ဒါကိုဘယ်လောက်တောင်ကြိုးစားပြီးရေးခဲ့ရတာလဲ"
"အင်း၊ဒါဆိုရင်ရပြီ။ငါကဘယ်သူ့ကိုမှ ဂရုမစိုက်တာမို့လို့ တခြားသူတွေကို လိုက်ရှင်းပြမနေနဲ့တော့"
Theron ၏စကားကိုခေါင်းညိမ့်ရင်း လက်ခံလိုက်သော်လည်း စိတ်ထဲမှာတော့ အတော်လေးကို မကျေမနပ်ဖြစ်နေရသည်။Jeremiah နဲ့ဘယ်လိုဖြစ်လို့တူသွားလဲမသိပေမယ့် ဒီကိစ္စမှာမှားတဲ့သူက Theron မဟုတ်ဘူးဆိုတာကို သူပြောနိုင်သည်။Songwriting test ဖြေရမယ်ဆိုကတည်းက Theron ကသိပ်ကိုစိတ်လှုပ်ရှားပြီး အမြဲတမ်းသီချင်းစာသားတွေအကြောင်းတွေထိုင်တွေးလိုက်၊note ထဲမှာရေးလိုက်နဲ့လုပ်နေတာလေ။
![](https://img.wattpad.com/cover/303269707-288-k91647.jpg)
YOU ARE READING
Nothing But You
RomanceIf we're not meant to be,I will make my own destiny just to be with you. Note-This fiction is just my imagination.Thank you. Start date-1/3/2022 End date-30/6/2022