Zawgyi
Theron နဲ့ Hansel ရဲ့ဆက်ဆံရေးက အတော်လေးကိုမှ ပြောင်းလဲသွားသည်။သူငယ်ချင်းတွေမဟုတ်ဘူးလားဆိုရင်တော့ ငြင်းဆန်ရမည်။သို့ပေမယ့် အရင်ကလောက်တော့ တရင်းတနှီးစကားမပြောဖြစ်ကြတော့၊သာမန်သိသည့်သူနှစ်ယောက်လိုပင်ဖြစ်သွားသည်။Songwriting test လည်းပြီးသွားပြီဖြစ်သည့်အတွက် ကျောင်းသားတွေကလည်း သူတို့ရဲ့ကိစ္စကိုမေ့နေကြပြီဖြစ်သည်။ပုံမှန်ပြန်ဖြစ်သွားသည့် အခြေအနေကြောင့် Theron လည်းအရင်ကလောက်စိတ်မပင်ပန်းတော့ပေ။
"ဒီတစ်ခေါက်ရောဘယ်သူ top 1 ရမယ်လို့ထင်လဲ"
တက်ကြွစွာမေးလာသည့် Noran ၏စကားကို ခပ်တိုးတိုးရယ်၍သာတုံ့ပြန်လိုက်သည်။အမှန်တိုင်းပြောရရင် သူကိုယ်တိုင်လည်း ဘယ်သူက top 1 ရမလဲဆိုတာကို မခန့်မှန်းတတ်ပေ။Songwriting test စစချင်းကတော့ ဒါနဲ့ပတ်သက်ပြီး သူ့ကိုယ်သူသိပ်ကိုယုံကြည်မှုရှိခဲ့ပေမယ့် အခုဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့်ရော၊သီချင်းအသစ်အမြန်ရေးရတာရောကြောင့် မရနိုင်လောက်ဘူးဆိုတာကိုသိသည်။
"Theron၊ဒီဟာကိုကြည့်ပါဦး"
ဖုန်းကိုသူ့ဘက်သို့ပေးရင်းပြောလာတာကြောင့် Theron သူ့ရဲ့ဖုန်းကိုယူကြည့်လိုက်သည်။Video ထဲမှာက Hansel နှင့် Jeremiah တို့စကားပြောနေကြတာဖြစ်၍ ဆက်နားထောင်လိုက်တော့ သီချင်းအကြောင်းတွေပါပါလာတာမို့လို့ Theron ၏မျက်ဝန်းထဲတွင် အံ့ဩရိပ်တို့ထင်ဟပ်သွားတော့သည်။ပြီးသည့်နောက် Noran ကိုဖုန်းပြန်ပေးကာ အတန်းဘက်သို့ခပ်မြန်မြန်ပြေးသွားမိသည်။
"Jeremiah၊မင်းကတကယ်ကို စိတ်ပျက်စရာကောင်းလွန်းတဲ့သူပဲ"
Greyson ၏ဒေါသတကြီးအော်ပြောသံကြောင့် သူ့ခြေလှမ်းတို့တုံ့ခနဲဖြစ်သွားရသည်။Jeremiah ၏မျက်နှာကတော့ ဘာကိုမှဂရုစိုက်သည့်ပုံမပေါ်ဘဲ တစ်ဖက်သို့သာလှည့်ထားသည်။Hansel ကိုရှာကြည့်လိုက်မိတော့ အတန်ရရှေ့က Jeremiah ကိုကြည့်နေတာကိုတွေ့ရသည်။ကျောင်းသားတချို့ကတော့ သူတို့နေရာမှာထိုင်နေကြရင်း တီးတိုးစကားပြောနေကြသည်။
"ဒီကိစ္စကို မင်းအခုရှင်းပြစမ်း"
"Video ထဲကအတိုင်းပဲ။ကျွန်တော့်မှာ ရှင်းပြစရာဘာစကားမရှိဘူး"

YOU ARE READING
Nothing But You
Roman d'amourIf we're not meant to be,I will make my own destiny just to be with you. Note-This fiction is just my imagination.Thank you. Start date-1/3/2022 End date-30/6/2022