Zawgyi
"ငါအပြင်ခဏသွားလိုက်ဦးမယ်"
သူ့ကိုနည်းနည်းလေးမှမကြည့်ဘဲ အခန်းပြင်သို့ထွက်သွားသည့် Jeremiah ကြောင့် Hansel အလိုမကျဖြစ်သွားရသည်။ရှုပ်နေတဲ့ကိစ္စတွေအကုန်ရှင်းသွားပြီဖြစ်ပေမယ့် သူတို့နှစ်ယောက်ကြားဆက်ဆံရေးကတော့ သူစိမ်းတွေလိုပင် ဖြစ်သွားရသည်။သူနှင့်မှမဟုတ်ဘဲ Jeremiah က Joel တို့သုံးယောက်နှင့်ပါ သိပ်ပြီးစကားမပြောဖြစ်တော့ပေ။
ဒီလိုပြောင်းလဲသွားသည့်ဆက်ဆံရေးက Hansel အတွက်တော့ ကသိကအောက်ဖြစ်စေသည်။Jeremiah နှင့်ရန်ဖြစ်ဖူးတာ အခုမှမဟုတ်ပေမယ့် သူတို့နှစ်ယောက်ကြားမှာ အရင်ကလောက်မနီးစပ်တော့ဘူးဟုခံစားရတာကတော့ အခုတစ်ခေါက်မှဖြစ်သည်။Hansel ဘက်ကလွန်ခဲ့တာတွေရှိတာမို့လို့ အခုလိုပြောင်းလဲသွားရသည့်အပေါ် ဘာမှတော့မပြောလို၊သူ့ဘက်က အရင်လိုဆက်ဆံရေးရအောင်လို့ ပြန်၍ကြိုးစားရမည်။
လက်ထဲမှာကိုင်ထားသည့် ဘောပင်ကိုစားပွဲပေါ်တွင် တင်လိုက်ပြီးနောက် သူ့ရဲ့ဖုန်းကိုယူလိုက်သည်။ဒီတစ်ခေါက်ကျောင်းပိတ်ရက်မှာ အိမ်ပြန်ဖြစ်မှာကြောင့် Jeremiah နှင့်နှစ်ယောက်တည်းတွေ့လို့ရမည့် နေရာတွေကိုရှာကြည့်နေသည်။အရင်ကတည်းက သူတို့အပြင်သွားရင် Joel တို့သုံးယောက်ပါလိုက်လေ့ရှိတာကြောင့် တစ်ခါမှနှစ်ယောက်တည်းမတွေ့ဖူးဘူးလေ။
သူသိသလောက်ဆို Jeremiah က bar တွေ၊club တွေသွားရတာကို သဘောကျသည်။Hansel လည်းသဘောကျတယ်ဆိုပေမယ့်လို့ တစ်ခါတလေကျရင်တော့ အဲ့ဒီနေရာတွေက သိပ်ကိုစိတ်ရှုပ်ဖို့ကောင်းလွန်းသည်။နှစ်ယောက်သားသဘောကျလောက်မည့်နေရာကို စဉ်းစားနေရတာမို့လို့ သူ့ရဲ့မျက်ခုံးတို့က အနည်းငယ်တွန့်ချိုးလို့နေသည်။
"ကျစ်၊မစဉ်းစားတတ်တော့ဘူးကွာ"
ထိုကဲ့သို့သာပြောလိုက်ပေမယ့် နှုတ်ခမ်းထက်တွင်တော့ အပြုံးတစ်ခုကဖြစ်တည်နေသည်။သူတို့တွေတွဲတာ နည်းနည်းကြာနေပြီဆိုပေမယ်လို့ များသောအားဖြင့်က ကျောင်းမှာချည်းပဲဖြစ်တာကြောင့် လက်ကိုင်တာ၊နမ်းတာကလွဲလျှင် ပုံမှန်အတိုင်းသူငယ်ချင်းတွေလိုပဲ စကားပြောဖြစ်ကြသည်။နှစ်ယောက်တည်းအပြင်မှာတွေ့တယ်ဆိုတာက အခုမှလုပ်ဖူးမှာမို့လို့ တကယ်ကိုစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေသည်။
YOU ARE READING
Nothing But You
RomanceIf we're not meant to be,I will make my own destiny just to be with you. Note-This fiction is just my imagination.Thank you. Start date-1/3/2022 End date-30/6/2022