Chapter-19

29 7 0
                                    

Zawgyi

Songwriting test ဖြေရမှာဖြစ်တာကြောင့် ကျောင်းသားတွေ အတော်လေးကိုအလုပ်ရှုပ်နေကြသည်။Theron ကတော့ရေးပြီးသွားပြီဆိုပေမယ့်လို့ သူရေးထားတာကို သိပ်ပြီးစိတ်ကျေနပ်မှုမရှိတာကြောင့် တချို့စာသားတွေကိုပြန်ပြင်နေရသည်။ဘောပင်ကိုလှည့်ရင်း မစဉ်းစားတတ်သလိုပုံစံဖြစ်နေသည့် Noran ကသူ့နားသို့လှစ်ခနဲရောက်လာတာမို့လို့ Theron သူ့ကိုမျက်မှောင်ကြုံ့၍ ဘာလဲဆိုသည့်သဘောဖြင့် လှည့်ကြည့်လိုက်သည်။

"မင်းရေးပြီးသွားရင်လည်း ငါ့ကိုခဏလောက်ပြစမ်းပါ။ဖတ်ကြည့်ချင်လို့"

"ကျစ်၊ငါ့ကိုအနှောင့်အယှက်လာမပေးစမ်းပါနဲ့"

"ဘာလို့လဲ။နည်းနည်းလေးလောက်ပဲပြခိုင်းတာကို"

"မရပါဘူးဆို။ငါသူ့ကိုအရင်ပြချင်တာ"

ခပ်တိုးတိုးပြောရင်း တုံ့ပြန်လိုက်တော့ Noran ၏မျက်နှာကပြုံးတုံ့တုံ့ဖြစ်သွားတာကြောင့် Theron ၏နားရွက်ဖျားတို့မှာနီမြန်းလာရသည်။သူသဘောကျနေတဲ့သူက Hansel ဆိုတာသိပြီးကတည်းက ဒီကောင်ကအမြဲတမ်းလိုလိုလိုက်၍နောက်တတ်သည်။Hansel ရှေ့မှာတော့လိုက်မစတတ်တာဘဲ တော်သေးသည်ဟုပြောရမည်။

"Hansel ကရောဘယ်သူ့အကြောင်းကို သီချင်းရေးလောက်မယ်လို့ထင်လဲ"

"သူချစ်တဲ့သူအကြောင်းရေးမှာပေါ့"

"အဲ့ဒီတော့မင်းဘက်ကဘယ်လိုမှမနေဘူးလား"

"Noran၊သူ့ဆီမှာရည်းစားရှိတာလည်း မင်းသိတာပဲလေ။Jeremiah နဲ့ငါကအရင်ကတည်းက သိပ်အဆင်မပြေပါဘူးဆိုနေမှ ဒါကြောင့်နဲ့ငါတို့တွေထပ်ရန်ဖြစ်ပြီး Hansel ကိုစိတ်မရှုပ်စေချင်တော့ဘူး"

"တွေးပေးတတ်လိုက်တာဗျာ။Hansel ကိုသဘောမကျဘဲ ငါ့ကိုပဲကြိုက်လိုက်ရမှာ"

ရယ်သံစွက်၍ပြောလာသည့် Noran ကိုမျက်မှောင်ကြုံ့၍ကြည့်လိုက်ပြီးနောက် တစ်ဖက်သို့ပြန်လှည့်ကာ လျစ်လျူရှုလိုက်တော့သည်။အာရုံလိုက်စိုက်နေရင် ပိုပြီးတော့အနှောင့်အယှက်ပေးနေဦးမှာလေ။ရင်းနှီးလာတာနှင့် ဒီကောင်က သူ့မျက်နှာအမူအရာကိုပင် သိပ်ပြီးဂရုမစိုက်တော့၊သူ့ဘက်ကမကြိုက်ကြောင်းပြောနေရင်တောင်မှ ဆက်ပြီးစနောက်နေတတ်သေးသည်။

Nothing But YouWhere stories live. Discover now