Zawgyi
အားကစားကွင်းထဲမှာ ပတ်ပြေးနေရတာ အတော်ပင်ကြာနေပြီဖြစ်သည်။လေ့ကျင့်ခန်းလုပ်တာက သီချင်းဆိုရာတွင် အတော်လေးအထောက်အကူဖြစ်တာဖြစ်သည်ဟုပြောရမည်။Josiah ကိုယ်တိုင်ကလည်း ကျောင်းသားတွေနှင့်အတူ အနောက်မှလိုက်ပြေးလို့နေသည်။
"ဖြည်းဖြည်းနဲ့မှန်မှန်ပဲပြေးမယ်နော်"
ပြေးလို့ပြီးသွားတော့ ကျောင်းသားတွေလည်း ပင်ပန်းသွားပြီဖြစ်တာကြောင့် ခဏလောက်ထိုင်လိုက်ကြသည်။Josiah ချွေးတို့ကိုသုတ်လိုက်ပြီးနောက် သဘတ်ကိုသူ့ပုခုံးတစ်ဖက်တွင်တင်လိုက်သည်။ကျောင်းသားတွေရေသောက်ပြီးသည်အထိ ခဏလောက်စောင့်နေလိုက်ပြီးမှ စကားစလိုက်သည်။
"အကုန်လုံးလည်းပင်ပန်းနေကြပြီဆိုတော့ နောက်မှပဲ ဆက်သင်ကြတာပေါ့"
လူကြီးဆန်ဆန်အပြုံးတစ်ခုနှင့်အတူ ပြောလိုက်ပြီးသည့်နောက် Josiah ကအားကစားကွင်းထဲမှ ထွက်သွားတော့သည်။Theron သူဝတ်ထားသည့်အင်္ကျီကို အနည်းငယ်လှန်လိုက်ကာ ကိုယ်ပေါ်တွင်ကပ်တင်နေသည့် ချွေးစတို့ကိုသုတ်လိုက်သည်။Noran ကရေဘူးကို သူ့ဆီသို့ပေးလာပြီးနောက် ဘေးနားတွင်ဝင်ထိုင်ကာ သဘောတကျနှင့် ရယ်သံစွက်ရင်းပြောလာသည်။
"Theron၊မင်းခန္ဓာကိုယ်က တကယ်မိုက်တာပဲ။ငါကိုင်ကြည့်လို့ရလား"
"ဘာတွေလာပြောနေတာလဲ။ရှက်စရာကောင်းအောင်လို့"
"ယောက်ျားလေးအချင်းချင်းပဲကို လုပ်စမ်းပါ"
မျက်ခုံးပင့်ရင်းပြောလာသည့် Noran ကိုစိတ်ရှုပ်သလိုကြည့်လိုက်ပြီးနောက် အနားမှတွန်းလိုက်သည်။အဲ့ဒီတော့မှ သူလည်းဆက်မစတော့ဘဲ Theron ကဲ့သို့အင်္ကျီကိုလှန်ကာ ချွေးစတို့ကို သုတ်နေလိုက်သည်။ရေသောက်နေတုန်း Hansel ကအနားရောက်လာတာကြောင့် Theron မတ်တပ်ရပ်ရင်း သူ့ကိုကြည့်လိုက်သည်။
"ငါတို့နေ့လယ်စာအတူတူစားရအောင်။မင်းသူငယ်ချင်းကိုလည်း ခေါ်လာလို့ရတယ်"
"ဒါပေမဲ့ Jeremiah နဲ့ငါကသိပ်မှ အဆင်မပြေတာ"
"ဘာမှမဖြစ်ပါဘူး။Jeremiah ကရင်းနှီးသွားရင် တကယ်သဘောကောင်းတဲ့သူပါ"

YOU ARE READING
Nothing But You
RomanceIf we're not meant to be,I will make my own destiny just to be with you. Note-This fiction is just my imagination.Thank you. Start date-1/3/2022 End date-30/6/2022