Chapter-27

37 7 0
                                    

Zawgyi

Theron သူ့အခန်းထဲမှာ တစ်ယောက်တည်းအလုပ်ရှုပ်လို့နေသည်။Hansel ကသူနှင့်အတူတူအပြင်သွားချင်သည်ဟု စပြောလာတာကြောင့် အတော်လေးကိုစိတ်လှုပ်ရှားနေရသည်။အဝတ်အစားတွေ လိုက်ကြည့်နေသော်လည်း အခုထိသဘောကျတာကို မတွေ့သေးတာကြောင့် စိတ်ရှုပ်စွာဖြင့် ထိုင်ချလိုက်သည်။ပြီးတော့မှ ကိုယ့်ဘာသာကိုယ်ပြန်တွေးကာ ဟက်ခနဲရယ်လိုက်တော့သည်။

Hansel စောင့်နေရမှာစိုးသည့်အတွက် သိပ်စဉ်းစားမနေတော့ဘဲ အဆင်ပြေသည့်အဝတ်လဲလိုက်ပြီးသည့်နောက် အိမ်မှထွက်လာလိုက်သည်။အဲ့ဒီကိုရောက်တော့ Hansel ကိုအရင်လိုက်ရှာမိသည်။မျက်ဝန်းညိုတွေနှင့်ကောင်လေးက သူ့ကိုစောင့်နေရင်း တခြားသူတွေကို စိတ်ဝင်တစားလိုက်ကြည့်နေတာကြောင့် Theron ၏နှုတ်ခမ်းထက်တွင် ကြည့်ကောင်းသည့်အပြုံးတစ်ခုဖြစ်တည်လာရသည်။

သူ့ဆီသို့မသွားသေးဘဲ ဆက်၍ကြည့်နေမိတော့ ခဏအကြာ မျက်ခုံးတို့က တဖြည်းဖြည်းတွန့်ချိုးလာတော့သည်။ပြီးသည့်နောက် ဖုန်းကိုထုတ်ရင်း သူ့ဆီကိုခေါ်လာတော့ Theron သဘောတကျရယ်လိုက်မိသည်။ကြည့်ရတာတော့ သူ့ကိုစောင့်နေရတာ အတော်ကြာနေပြီမို့လို့ထင်သည်။စိတ်ဆိုးတော့မယ်ဆိုတာသိနေတာကြောင့် ဆက်မစတော့ဘဲ Hansel အနားသို့လျှောက်သွားကာ ပုခုံးကိုခပ်ဖွဖွတို့ထိလိုက်သည်။

"မင်းရောက်ပြီပေါ့"

"အင်း၊စောင့်ရတာကြာသွားလား"

"သိပ်တော့လည်းမကြာပါဘူး"

ခုနကမျက်မှောင်ကြုံ့ရင်း စိတ်ဆိုးတော့မည့်သူမဟုတ်သလိုပင် ပြောလာတာကြောင့် Theron ရယ်ချင်စိတ်ကိုထိန်းကာ ခေါင်းညိမ့်ပြလိုက်သည်။ပြီးသည့်နောက် သူ့ဘေးနားမှာ ဝင်ထိုင်လိုက်တော့ Hansel ကသူ့ရဲ့ AirPod တစ်ဖက်ကို Theron ဆီသို့ပေးလာသည်။သူ့ဆီမှယူလိုက်ပြီး နားတစ်ဖက်မှာ တပ်လိုက်တော့ ရင်းနှီးနေသည့် သီချင်းဆိုသံကိုကြားရသည်။

"ဒီကျောင်းပိတ်ရက်မှာ ငါရေးကြည့်ထားတဲ့သီချင်းလေ။မင်းဘယ်လိုထင်လဲ"

"အင်း၊ကောင်းသားပဲ။ဒါပေမဲ့ မင်းရဲ့ပုံစံနဲ့ မတူသလိုပဲနော်"

Nothing But YouWhere stories live. Discover now