Chapter-8

43 8 2
                                    

Zawgyi

"ငါရည်းစားမထားချင်ပါဘူးဆို"

Eston ၏ငြင်းဆိုသံအပြီးတွင် ဘေးနားတွင်ထိုင်နေသည့် သူ့သူငယ်ချင်းက မျက်မှောင်ကြုံ့၍ကြည့်လာသည်။နေရာမှထသွားဖို့လုပ်နေသည့် Eston ၏လက်ကိုဆွဲကာ ပြန်ထိုင်ခိုင်းလိုက်တော့ သူ့ကိုအလိုမကျသလို ကြည့်လိုက်ပြီးနောက် လက်ကိုတွန်းဖယ်လာသည်။

"ဒီလောက်တောင်ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးက မင်းကိုစိတ်ဝင်စားတယ်လို့ပြောနေတာကိုတောင် မင်းကဘာလို့ငြင်းနေရတာလဲ"

"သူတို့တွေက စိတ်ရှုပ်စရာကောင်းလွန်းတယ်"

"ဘယ်လိုပဲဖြစ်ဖြစ် သွားတွေ့လိုက်စမ်းပါ။မိန်းကလေးဘက်ကို ပြောထားပြီးပြီဆိုတော့ မင်းကငြင်းလိုက်မယ်ဆိုရင် အားနာစရာကောင်းတယ်လေ"

မတွေ့မချင်းပြောနေပုံရမည့် သူ့သူငယ်ချင်းကြောင့် Eston စိတ်ရှုပ်စွာဖြင့် ဆံပင်ကိုဆွဲဖွလိုက်သည်။ဘာလို့သူ့ကိုအဲ့ဒီလောက်တောင် ရည်းစားရှိစေချင်နေရတာလဲဆိုတာ သူနားမလည်ပေ။သူကိုယ်တိုင်က အဲ့ဒီလိုကိစ္စတွေစိတ်မဝင်စားဘူးလို့ ပြောထားတာကို ဒီကောင်တွေက ဘေးနားကနေ စကားများလို့မပြီးနိုင်ကြတော့။

"တကယ်လို့ အဲ့ဒီကောင်မလေးကို တွေ့ပေးမယ်ဆိုရင် မင်းလုပ်စရာရှိတဲ့ assignment တွေကိုငါလုပ်ပေးမယ်"

"တော်စမ်းပါ။ငါ့ဘာသာငါလုပ်လို့ရတယ်"

"Eston၊မင်းကပြောရခက်လိုက်တာကွာ။တွေ့ပြီးမှ မကြိုက်ရင် ငြင်းလိုက်လို့ရတာပဲကို"

"ဘာလို့ငါ့ကိုအဲ့ဒီလောက်တွေ့ခိုင်းစေချင်နေရတာလဲ"

"သူကငါ့ကောင်မလေးနဲ့ တအားရင်းနှီးတယ်။တကယ်လို့ ပြောထားပြီးမှ မင်းကလာမတွေ့ဘူးဆိုရင် ငါတို့နှစ်ယောက်ပြဿနာတက်ဦးမှာ"

သူ့လက်ကိုကိုင်ဆွဲ၍ပြောနေသောသူကို အမြင်ကပ်စွာကြည့်လိုက်သည်။ပြဿနာတက်မယ်မှန်းသိရင် အစကတည်းက မသိသလိုနေလိုက်ပါတော့လား။သူ့ကိုကျတော့မတွေ့မချင်း နားငြီးစရာကောင်းအောင် လိုက်ပြောနေပြီး သူ့ကောင်မလေးကိုကျတော့ နည်းနည်းလေးတောင် ခံမပြောရဲပုံရသည်။

Nothing But YouWhere stories live. Discover now