Zawgyi
ဘာမှလုပ်စရာမရှိတာကြောင့် Theron သူ့အိပ်ရာပေါ်မှာထိုင်ရင်း guitar တီးကြည့်နေလို့နေသည်။Test အတွက်လေ့ကျင့်ရတာ သိပ်ကိုပင်ပန်းသွားပြီဖြစ်သည့် Noran ကတော့အတန်းတချို့ပင်မတက်ဘဲ dorm မှာပဲနေဖြစ်သည်။သံစဉ်တချို့တီးခတ်နေစဉ် ဖုန်းလာတာကြောင့် ယူကြည့်လိုက်တော့ Eston ဖြစ်နေသည်။
"အင်း၊ပြောပါဦး"
"Theron၊လူတစ်ယောက်ကို ချစ်နေရတာက တကယ်ပင်ပန်းလွန်းတယ်ကွာ"
"ဟမ်၊မင်းမူးနေတာလား"
မပီမပြင်အသံတို့ဖြင့်ပြောနေသည့် Eston ကြောင့်သူမျက်မှောင်ကြုံ့လိုက်မိသည်။သူပြောသည့်စကားတွေကို ခဏလောက်စဉ်းစားကြည့်ပြီးမှ နားလည်သွားရသည်။ဒါပေမဲ့ သူသိသလောက် Eston မှာကသဘောကျရမယ့်သူလည်းမရှိပါဘဲနဲ့ ဘာလို့ဒီလိုပြောနေရတာလဲ။
"ယောက်ျားတွေက စိတ်ပျက်စရာကောင်းလွန်းတယ်"
"မင်းလည်းယောက်ျားပဲလေ။ကြောင်တောင်တောင်တွေလာပြောမနေစမ်းပါနဲ့"
"ငါ့ကိုနားမလည်ဘဲနဲ့ ပြောချင်ရာပြောနေတာပဲ"
"အခုဘယ်သူနဲ့ပြဿနာတက်လာတာလဲ"
"မင်းသိလား။Atlas မိန်းကလေးတစ်ယောက်နဲ့ နမ်းနေတာကို ငါတွေ့လိုက်တယ်"
Atlas ဆိုတာကသူ့ရဲ့ guide၊တစ်နည်းအားဖြင့် Hansel ရဲ့အစ်ကိုမဟုတ်လား။အခုလိုမူးနေရတာက Atlas ကြောင့်ဆိုရင် Eston သဘောကျနေရတာက Atlas ဖြစ်နေတာပေါ့လေ။Theron ၏မျက်ဝန်းတို့တွင် အံ့ဩရိပ်တို့ထင်ဟပ်သွားတော့သည်။နှစ်ယောက်သားကြားမှာ ကသိကအောက်ဖြစ်သလိုဆက်ဆံရေးရှိနေမှန်းသိပေမယ့် Eston ဘက်ကသဘောကျနေမှန်း Theron မသိခဲ့ပေ။
"မင်း Atlas ကိုတကယ်ကြီးသဘောကျနေတာပေါ့"
"အခုမှသိသလို အထူးအဆန်းလာလုပ်မနေစမ်းပါနဲ့"
"ဟမ်၊ထူးဆန်းတာပေါ့။ငါတကယ်အခုမှသိတာလေ"
ခပ်ဆတ်ဆတ်အသံဖြင့်ပြောလိုက်တော့ Eston ကဘာမှမတုံ့ပြန်လာဘဲ တစ်ခဏမျှငြိမ်သွားသည်။သူ့စိတ်ထဲမှာ Atlas ကိုကြိုက်နေတဲ့အကြောင်း Theron ကိုပြောပြပြီးပြီဟုထင်နေသည့်ပုံရသည်။တကယ်ကိုရယ်ရတဲ့အစ်ကိုတစ်ယောက်ပဲဟုတွေးကာ နှုတ်ခမ်းတွန့်ရုံမျှပြုံးလိုက်သည်။
YOU ARE READING
Nothing But You
RomanceIf we're not meant to be,I will make my own destiny just to be with you. Note-This fiction is just my imagination.Thank you. Start date-1/3/2022 End date-30/6/2022