Chapter-20

37 7 0
                                    

Zawgyi

Noran သူ့ဘေးနားမှာလျှောက်နေသည့် Theron ကိုကြည့်ကာ မျက်ခုံးပင့်မိသည်။ဒီကောင်အခုတလောတကယ်ကို ထူးဆန်းနေသည်။အရင်ကထက်ပိုတက်ကြွနေတတ်ပြီးတော့ အကြောင်းအရင်းမရှိဘဲနှင့်လည်း တစ်ယောက်တည်းပြုံးရယ်နေတတ်သေးသည်။ဘာလို့များလဲဆိုပြီး မေးကြည့်ပြန်တော့လည်း သူ့ရဲ့မေးခွန်းတွေကို အမြဲတမ်းမသိချင်ယောင်ဆောင်သွားတတ်သည်။

"ငါမင်းကိုတကယ်အမြင်ကပ်လာပြီ"

"ဟမ်၊ငါ့ဘာသာငါနေနေတာကို"

"အဲ့ဒါကိုပဲ ကြည့်မရဖြစ်နေတာလေ။မသိရင်ရည်းစားရသွားတဲ့ပုံစံနဲ့"

ထိုစကားကြောင့် Theron နှုတ်ခမ်းတွန့်ရုံမျှပြုံးလိုက်သည်။သီချင်းဆိုပြတဲ့နေ့က Hansel ကသူ့ကိုစိတ်လိုလက်ရနမ်းရှိုက်နေခဲ့တယ်။သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အခုဘယ်လိုလဲဆိုတာ သူကိုယ်တိုင်လည်းမသိပေမယ့် အဲ့ဒီအနမ်းကို ပြန်အမှတ်ရတိုင်း စိတ်လှုပ်ရှားလာရသည်။

"တကယ်ရည်းစားရသွားတာလား။ဘယ်သူလဲ"

"မရပါဘူးကွာ။ထင်တာတွေလျှောက်ပြောမနေနဲ့"

ရယ်ရင်းနှင့်ပြောလိုက်ပြီးနောက် သူတို့တွေ Greyson ဆီသို့ဆက်ဦးတည်လာကြသည်။တခြားကျောင်းသားတွေက သူတို့ရေးထားတဲ့သီချင်းကို ပေးပြီးကြပြီဖြစ်တာမို့လို့ သူတို့လည်းပေးရတော့မည်လေ။တကယ်ဆိုရင် Theron ကအစောကတည်းက သီချင်းရေးပြီးသွားပြီဖြစ်သော်လည်း Noran ကသူနှင့်မှအတူတူပေးပါဟု မရမကပြောတာကြောင့် အဲ့ဒိကောင်ရေးပြီးသွားသည်အထိ သူလိုက်စောင့်ပေးနေရခြင်းဖြစ်သည်။

"ဒီတစ်ခေါက်အမှတ်ကောင်းကောင်းရရင်တော့ မင်းငါ့ကိုမုန့်ဝယ်ကျွေးရမယ်"

ပုခုံးကိုတွန်းရင်းတက်ကြွစွာပြောလာသည့် Noran ၏စကားကိုဘာမှမတုံ့ပြန်တော့ပေ။အတန်းထဲမှထွက်လာသည့် Hansel ကသူ့ကိုတွေ့တော့ ခြေလှမ်းများကတုံ့ခနဲဖြစ်သွားသည်။နှစ်ယောက်သားအတော်ကြာအောင်အကြည့်ချင်းဆုံနေကြပြီး တစ်ယောက်ဘက်ကမှ စကားမစမိကြပေ။ခဏအကြာ Hansel က Noran ကိုဖျတ်ခနဲကြည့်လိုက်ပြီးနောက် Theron ဘက်သို့ပြန်လှည့်ကြည့်လာသည်။

Nothing But YouWhere stories live. Discover now