Chapter-34

33 5 0
                                    

Zawgyi

Theron သူ့ရဲ့ရင်ခွင်ထဲမှ Hansel ကိုအတော်ကြာသည်အထိ ဖယ်တွယ်ထားရင်း နမ်းရှိုက်နေမိသည်။ရပ်တန့်ဖို့ကိုတောင် မေ့လျော့နေကြတဲ့အထိ သူတို့နှစ်ယောက်ဟာ ဒီအနမ်းတွေထဲမှာ သိပ်ကိုပျော်မွေ့နေကြသည်။ဘယ်သူနှင့်မှ မဖြစ်ပေါ်ဖူးသည့် ဒီခံစားချက်က သူတို့အတွက်တော့ တကယ်ကိုဆန်းသစ်လို့နေသည်။

"တော်လောက်ပြီ"

မနေတတ်သလိုဖြစ်လာသည့် Hansel ကသူ့ကိုအရင်ခပ်ဖွဖွတွန်းလာတော့မှ Theron လည်းနမ်းနေတာကိုရပ်ကာ သူ့ကိုငုံ့ကြည့်လိုက်သည်။နီမြန်းနေသည့်မျက်နှာနှင့် နားရွက်ဖျားတို့က သူဘယ်လောက်တောင်ရှက်နေသလဲဆိုတာ သိသာနေသည်။Theron သဘောတကျနှင့်ခပ်တိုးတိုးရယ်မိတော့ Hansel ကသူ့ကိုပင်မကြည့်ဘဲ ခေါင်းငုံ့ရင်းလက်တို့ကိုကုတ်ဖဲ့နေသည်။

"ဘာလို့ရှက်နေတာလဲ။စပြီးနမ်းတာကမင်းကို"

"Theron!ငါမင်းကိုတကယ်စိတ်ဆိုးမှာနော်"

မျက်မှောင်ကြုံ့ရင်းပြောလာသည့် Hansel ကြောင့် Theron လည်းတတ်နိုင်သလာက်ရယ်ချင်စိတ်ကိုထိန်းလိုက်သည်။နှစ်ယောက်သားကြားမှာ ပြောစရာစကားမရှိတော့သလို တစ်ခဏလောက်ငြိမ်သွားတာမို့လို့ Theron သူ့ရဲ့လက်ကိုခပ်ဖွဖွတို့ထိလိုက်သည်။အဲ့ဒီတော့မှ အကြည့်လွှဲထားသည့်ကောင်လေးက လှည့်ကြည့်လာကာ 'ဘာလဲ' ဆိုသည့်သဘောဖြင့် မေးဆတ်ပြလာသည်။

"အဲ့ဒီတော့မင်းဘက်ကရောငါ့ကိုဘယ်လိုမြင်လဲ"

"မသိဘူးလေ"

"ကျစ်၊မင်းကတကယ်ပြောရခက်လိုက်တာ"

မတွေးတတ်သလိုပုံစံဖြင့် တစ်ဖက်သို့လှည့်သွားတော့မှ Hansel နှုတ်ခမ်းတွန့်ရုံမျှပြုံးလိုက်သည်။ပြီးသည့်နောက် သူ့နားသို့တိုးကပ်လိုက်ရင်း နားသယ်စပ်ကိုခပ်ဖွဖွနမ်းလိုက်တော့ Theron မှာမနေတတ်သလိုတွန့်ခနဲဖြစ်သွားသည်။ထိုအပြုအမူကြောင့် Hansel သူ့နားသို့ပိုတိုးကပ်လိုက်တော့ Theron ကသူ့ဘက်သို့ဖျတ်ခနဲလှည့်ကြည့်လာသည်။နီးကပ်လွန်းသည့်အနေအထားကြောင့် Theron မှာဘယ်လိုတုံ့ပြန်ရမှန်းမသိတော့ဘဲ မျက်လုံးဝိုင်းများဖြင့် သူ့ကိုငေးကြည့်လို့နေသည်။

Nothing But YouWhere stories live. Discover now