Zawgyi
မနက်ခင်းတစ်ခုတွင်နေရောင်စူးစူးက ပြတင်းပေါက်မှတစ်ဆင့် အခန်းအတွင်းသို့ ဖြာကျနေသည်။သဘာဝလေအေးအေးတို့က သူ့အရှိန်နှင့်သူ တိုက်ခတ်နေသောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးက အေးချမ်းနေသည်။Theron အိပ်ရာနားသို့ လျှောက်လာလိုက်ပြီးနောက်သူ့ guitar ကိုကိုင်လိုက်သည်။
တစ်ခဏအတွင်းပင် ထွက်ပေါ်လာသော သံစဉ်က သူ့စိတ်အစဉ်ကို တည်ငြိမ်သွားစေသည်။Guitar ကိုဖြည်းဖြည်းချင်း တီးခတ်ရင်း ပါးစပ်မှလည်း လတ်တလောမှ သူကိုယ်တိုင် စပ်ထားသည့် သီချင်းတိုးတိုးလေးကို ငြီးနေသေးသည်။
"Theron!"
ကျယ်လောင်လွန်းသော သူ့အဖေ၏အော်သံကြောင့် guitar တီးနေတာကို ရပ်ကာ အလန့်တကြားထရပ်လိုက်မိသည်။အခန်းတံခါးကို ဝုန်းခနဲဖွင့်ကာ ဝင်လာသော သူ့အဖေက အိပ်ရာပေါ်မှာတင်ထားသော guitar ကိုတွေ့တော့ ဒေါသတကြီးနှင့် သူ့ကိုစိုက်ကြည့်လာသည်။
"မင်းကို ငါဒီလောက် ပြောပြထားတာတောင် မမှတ်သေးဘူးလား၊ဟမ်။ဒီသီချင်းရေးတာတွေက ဘာအရေးပါလို့ ဆက်လုပ်နေရတာလဲ"
"ကျွန်တော် အားနေတာနဲ့ ဒီ...ဒီတိုင်း စိတ်အပန်းဖြေရုံပါ"
"ကျောင်းစာကျတော့ မကြိုးစားဘဲနဲ့ ဒီလိုအလုပ်မဟုတ်တာတွေလုပ်နေသမျှတော့ မင်းဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး"
"ကျွန်တော် ဝါသနာပါတာကို ဘာမှ စော်ကားခွင့်မရှိဘူး!"
"ဝါသနာ၊ဟုတ်လား။နားထောင်လို့တော့ ကောင်းပေမယ့် မင်းဝါသနာက ဘယ်မှာမှသုံးစားလို့ရမှာမဟုတ်ဘူး"
"တော်တော့!"
"မင်းကများ ငါ့ကိုအော်ရဲတယ်။ဒီကောင်!"
Robin စိတ်တိုတိုနှင့် သူ့ကို အင်္ကျီမှဆွဲကိုင်၍ အားပါပါနှင့် ထိုးဖို့လုပ်စဉ် သူ့အမေက အပြေးရောက်လာပြီး တားရှာသည်။ဒေါသထွက်နေသေးသည့်ပုံပေါက်သော်လည်း သူ့ကို မထိုးတော့ဘဲ ပြန်လွှတ်ပေးလိုက်သည်။ဒေါသတကြီးနှင့် အသက်ရှူသံခပ်ပြင်းပြင်းက အခန်းထဲတွင် ပျံ့နှံ့လျက်။
"Laura မင်းရဲ့သားကို မင်းနားဝင်အောင် ပြောထား။မဟုတ်ရင် ငါလက်ပါမိတော့မယ်"
YOU ARE READING
Nothing But You
RomanceIf we're not meant to be,I will make my own destiny just to be with you. Note-This fiction is just my imagination.Thank you. Start date-1/3/2022 End date-30/6/2022