"ဘာကြောင့်လဲ။ မင်းက ထောင်ထွက်တစ်ယောက်ရဲ့သား ဖြစ်နေလို့လား။"
"တစ်နေ မင်းကပါ ငါ့ကို..."
အံကြိတ်ထားသော မျက်နှာက ခပ်တင်းတင်းပင်။ ရုတ်တရက်ဆန်စွာ ပြောင်းလဲသွားရသော လေထုအခြေအနေထဲတွင် ကြူးရဲ့ စိတ်ဝိညာဥ် အရိုင်းဆန်မှုအတိုင်း ကျွန်တော်သည်လည်း သက်ပြင်းကြမ်းကြမ်းတစ်ချက်ကို သူ့ရှေ့မှာပင် ရှိုက်ချမိခဲ့သည်။
"ငါကပါ မင်းကို မင်း မကြိုက်တဲ့စကားတွေ ပြောနေတာမဟုတ်ဘူး ကြူး ။ မင်းက ငါ့ကို အဲ့လိုလူတွေနဲ့ တစ်တန်းစားတည်း ထားနေလို့ စိတ်တိုသွားတာ။ ငါ မင်းနဲ့ပေါင်းလို့ ငါ့မှာ သာတဲ့အခါလည်းရှိမယ်။ နာတဲ့အခါမျိုးလည်း ရှိနိုင်တယ်။ ဒါပေမယ့် ငါတို့က သူငယ်ချင်းတွေပဲ မဟုတ်ဘူးလား။ ဘာလဲ မင်းက ငါ့ကို အစကတည်းက သူငယ်ချင်းတစ်ယောက်လို့ သဘောမထားလို့ ဒီလိုသူစိမ်းဆန်တဲ့ စကားမျိုး ပြောတာလား။"
ပြေပြေကလေး ကော့တက်နေသော မျက်တောင်လေးတွေကို တဖျတ်ဖျတ် ပုတ်ခတ်လိုက်ပြီးမှ သူ ကျွန်တော့်ကို ပြန်ကြည့်လာသည်။ ဆုံစည်းလိုက်ရသော မျက်ဝန်းနက်ထဲမှာ အစောပိုင်းကလို အရိုင်းဆန်မှုက ရှိမနေတော့ဘဲ နူးညံ့ညင်သာသော လျှပ်တပြက်အလင်းရောင်များသာ ဖြတ်ပြေးနေကြ၏။
"ငါ့ကြောင့်နဲ့ မင်းကိုပါ စိတ်မညစ်စေချင်လို့ပါ တစ်နေ,ရာ။"
တောင်းပန်တိုးလျှိုးသံဟူ၍လည်း ယူဆ၍ မရသော လေသံဖျော့ဖြင့် ပြောလာသူကိုသာ ခပ်စူးစူး စိုက်ကြည့်နေမိတော့သည်။
"တခြားသူတွေကြောင့် ငါ စိတ်မညစ်ဘူး။
မင်းကြောင့်ပဲ စိတ်ညစ်တာ သိလား။""ဘာဖြစ်လို့လဲ။"
တစ်ကိုယ်တည်း ညည်းညူမိသော စကားသံကို ကြူးက ကြားသွားပုံရသည်။ မလည်မဝယ်ရှိသော မျက်နှာဘေးနှင့် ပြန်မေးနေသောကြောင့် ပခုံးတစ်ဖက်ကို လက်သီးဖြင့် ခပ်ဖွဖွထိုးဖြစ်ပြီးမှ စိတ်က ရွှင်မြူးလာသည်။
"ငါ့ကို ပြတင်းပေါက်နေရာမှာ ပေးမထိုင်လို့။"
သူ ကျွန်တော့်ကို ကြောင်ကြည့်နေပြီးတော့မှ တဖြည်းဖြည်းချင်း ပြုံးလာခဲ့သည်။ ဖျစ်ညှစ်ခံလိုက်ရသော ပခုံးတစ်ဖက်တွင် နွေးထွေးသော အပူလှိုင်းများက တိုးဝင်စီးဆင်းသွားကြ၏။
YOU ARE READING
ကြူး(KYUU)
Romanceအိပ်မရတဲ့ ရက်များစွာကို အိပ်မက်တွေက အသက်ဆက်ပေးနေခဲ့တယ် ခြယ်လှယ်သူကတော့ ကြူး ဖြစ်ကြောင်း... အိပ္မရတဲ့ ရက္မ်ားစြာကို အိပ်မက်တွေက အသက်ဆက်ပေးနေခဲ့တယ် ခြယ်လှယ်သူကတော့ ကြူး ဖြစ်ကြောင်း... Own Creation By Han_Me