KYUU (5) Unicode

1.1K 113 15
                                    

ကျောင်းခေါင်းလောင်းထိုးပြီးတာ
ကြာခဲ့ပြီ​ဖြစ်သော်လည်း ညနေခင်းကျူရှင်တက်ကြမည့် ကျောင်းသားအချို့ကတော့ သက်ဆိုင်ရာအခန်းတွေထဲမှာ ဆက်ရှိနေကြရဆဲဖြစ်သည်။ ဟေးခနဲ၊ဝါးခနဲ အော်ဟစ်သံတွေ တိုးညှင်းလာသည်နှင့်အမျှ အခန်းတွင်းတိတ်ဆိတ်မှု အခြေအနေက
တစ်စထက်တစ်စ ကြီးမားလာကာ သမ်းဝေသံများက တစ်ဦးတစ်ယောက်ချင်းစီသို့ လက်ဆင့်ကမ်းလာကြပြီး
ထိုတဝါးဝါး ဆွဲငင်သံများကြားထဲ ကြူးကတော့ ပြတင်းပေါက်အပြင်ဘက်သို့သာ ငေးလျက်ရှိသည်။

ဘုတ်ခနဲအသံကိုကြားလိုက်ရတော့ သူ့အာရုံက ပြတင်းပေါက်ကိုခွာပြီး ဘေးခုံပေါ်သို့ရောက်လာသည်။
သူကြည့်လိုက်တဲ့နေရာမှာ ရင်းနှီးနေတဲ့ကျောပိုးအိတ်တစ်လုံး ဖရိုဖရဲရှိနေတာမြင်တော့ ကြူးရဲ့အပျော်ကလှိုက်ခနဲ...။
တောင်းတနေရဲ့ လှုပ်ရှားမှုတွေက တစ်ခုနဲ့တစ်ခု တစ်ဆက်တည်းဖြစ်ပြီး ခွင့်မတောင်းဘဲ ရောက်လာသူဟာ တအံ့တဩ စိုက်ကြည့်နေမိတဲ့ သူ့ကိုပင် ပြန်ရန်တွေ့ခဲ့သေးသည်။

"ကြူး...ငါ မင်းဘေးမှာ ထိုင်လိုက်ပြီနော်။ မင်း
မကျေနပ်ရင်လည်း တခြားနေရာကို ရွှေ့သွားလိုက်"

သူ ဘာမှပြန်မပြောမိ။ စကားများများမပြောတတ်တဲ့ သူ့အတွက်တော့ အတွေးတွေကချည်း ခေါင်းထဲမှာ အပြည့်အသိပ်ဖြစ်နေခဲ့ပြီး အံ့ဩတယ်ဆိုတဲ့အသိမှာ ပျော်ရွှင်မှုလေးတစ်ခုတိုးသွားတော့ သူ့ရဲ့အပြုအမူတစ်ခုခုကြောင့် တောင်းတနေ စိတ်ခုသွားမှာ စိုးရိမ်မိပြန်ရော...။

ဒီတော့ "မကျေနပ်ရင် တခြားနေရာကို
ရွှေ့သွားလိုက်"ဆိုတဲ့ စကားအတိုင်း နေရာမရွှေ့ခြင်းဖြင့်
ကျေနပ်မှုကို ပြသခဲ့ပေမယ့် သူမကျေနပ်ဘူးလို့ ထင်သွားတဲ့ တစ်ယောက်သောသူဟာ ကျူရှင်ချိန်တစ်လျှောက်လုံး စကားသံတစ်ခွန်းမှ မထွက်တော့ပေ။

ကြူးမှာလည်း တစ်ယောက်တည်း
အေးအေးဆေးဆေး ထိုင်နေတုန်းကအကောင်း။ နှစ်ယောက်အတူယှဥ်ထိုင်ဖြစ်တော့မှ တွက်နေကျ သင်္ချာပုစ္ဆာတွေကပါ အမှားမှားအယွင်းယွင်းနှင့်။
တောင်းတနေတစ်ယောက် အရင်တွက်ပြီးသွားမှ
သူလည်း တွက်လို့ရသွားခဲ့ပြီး ပြန်ဖို့တာဆူနေတဲ့ ကောင်လေးနောက်ကို အမှတ်ခြစ်ဖို့တန်းစီနေတဲ့
သူ့မျက်လုံးများက သံယောဇဥ်မပျက် လိုက်​ကြည့်မိ၏။

ကြူး(KYUU)Where stories live. Discover now