Part 43(Unicode)

2.1K 260 47
                                    

ရေသေနတ်ကိုယ်စီကိုင်ပြီး ဖြတ်သွားကြတဲ့
ကလေးအုပ်စု၊ ရေပက်ခံထွက်လာကြတဲ့ ကားကြီးကားငယ် အသွယ်သွယ်၊ ဒီဂျေရောတဲ့ သင်္ကြန်သီချင်းသံတွေကြား ပျော်ရွှင်မြူးထူးစွာ ကခုန်နေကြသူတွေ၊ အဝတ်ကြပ်ကြပ်တွေနဲ့ ဖက်ရှင်ကျကျ မိန်းမလှလေးများ၊ ဟစ်ဟော့စတိုင် ရှိုးထုတ်လာတဲ့ ကာလသား ယောကျ်ားပျိုတွေ၊ အမြဲစည်ကားနေတတ်တဲ့ စတုဒီသာအလှူပွဲနဲ့ အုန်းလက်အခင်းအကျင်းမဏ္ဍပ်၊
ရေစိုနေတဲ့ ရောင်ပြန်လမ်းမများ...  ။

အမြင်မဆန်းသော်လည်း နှစ်တန်ခူးမှာမှ
မြိုင်မြိုင်ဆိုင်ဆိုင် တွေ့ရတတ်သော မြင်ကွင်းများ ဖြစ်သည့်အလျောက် သည်မြင်ကွင်းများထဲမှာ နှစ်ကာလကြာချီ၍ ဖြတ်သန်းလာခဲ့သော အမှတ်တရများ၏ လွမ်းဆွတ်တမ်းတဖွယ်ရာများလည်း ရောယှက်ပါဝင်လာတတ်ပြန်၏။

ပတ်ဝန်းကျင်တွင် ပျော်ရွှင်နေသူများကိုသာ
မြင်နေရလျက် ကျွန်တော်ဟာ ဆွေးမြေ့သော ခံစားချက်တစ်ရပ်နှင့်...မေကြီးရောက်အလာကိုပင် မသိဘဲ လမ်းမထက်က မြင်ကွင်းများကို တိတ်တဆိတ် ငေးနေခဲ့မိသည်။ ထုံးစံအတိုင်း အိမ်ထဲသို့ ခပ်စိုက်စိုက် ဝင်လာသော မေကြီးဆီက စကားသံကို ကြားရတော့မှ ကျွန်တော်လည်း လှုပ်လှုပ်ရွရွ ဖြစ်ရတော့သည်။

"ငါ့မြေးလေး...မှိုင်လှချည်လား။ သင်္ကြန်ပျော်ကြီးက အိမ်တွင်းအောင်းနေတော့ မြင်ရတာ ထူးထူးဆန်းဆန်းပဲ။ ကြူးကိုခေါ်ပြီး ရပ်ကွက်ထဲလျှောက်ပတ်ကြလေ။ မေကြီးတို့လူကြီးတွေ မခေါ်မပြောဖြစ်ကြပေမယ့် ကလေးတွေကိုတော့ မချုပ်ချယ်ပါဘူး။ ဘာလဲ တတက မေကြီးပြောမှာ ကြောက်လို့လား။"

အိမ်အဝင်လှေကားထစ်မှာ သံပန်းတံခါးကိုမှီလျက်
ထိုင်ငိုင်နေတဲ့ ကျွန်တော့်ပုံစံကြောင့် မေကြီးရဲ့ မှတ်ချက်တွေက တသီကြီး ထွက်လာခဲ့ခြင်းဖြစ်သည်။ စကားထဲမှာ "ကြူး"ဆိုသည့် အမည်နာမကလေး ပါသွားရုံလေးနဲ့တင် ကျွန်တော့်နှလုံးသားက သိသိသာသာ စကားပြောသည်။ အလိုအလျောက် ကွေးညွှတ်သွားသော နှုတ်ခမ်းထောင့်စွန်းတို့က ပယောဂကင်းကင်း ဖြစ်တည်လာခဲ့ခြင်းမဟုတ်သော်လည်း မေကြီးကတော့ ရိပ်မိဟန်မရှိ။

ကြူး(KYUU)Where stories live. Discover now