KYUU (7) Unicode

1.2K 108 20
                                    

ဆယ်ကျော်သက်အရွယ် အချစ်ခံစားမှုက
ဖြူစင်လွန်း၊ သိမ်မွေ့လွန်းသော ချစ်စရာ ဖော်ပြချက်လေးတွေနှင့်...။

စာသင်ခုံအံဆွဲထဲ ရောက်ရောက်နေတတ်တဲ့
အသည်းပုံသကြားလုံးလေးတွေဟာ ရမ္မက်မပါသော ချစ်ခြင်းတွေရဲ့ အကောင်းမွန်ဆုံး သင်္ကေတတစ်ခုဖြစ်ပြီး တောင်းတနေကတော့ ရှစ်တန်းနှစ်မှာပဲ... ကြူးဆီိကို ရောက်ရောက်လာတတ်တဲ့ ထိုသင်္ကေတတွေကို လုယူစားသုံးပစ်တတ်သော အသည်းပုံသကြားလုံး ဓားပြတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့လေသည်။

ကြူးကတော့ ထိုသကြားလုံးတွေကို မည်သူမည်ဝါဆီက ရသလဲဆိုတာလည်း စိတ်မဝင်စား။ တောင်းတနေက သူရထားတဲ့ သကြားလုံးတွေကို လုလုစားနေခဲ့တာကိုလည်း စိတ်မခုသည့်အပြင် သူကတောင် ထိုအပြုအမူတွေအတွက် ပျော်ရွှင်မြူးမိနေခဲ့သေးသည်။

သူတို့ရှစ်တန်းရောက်လာတော့ တောင်းတနေ
တစ်ဖက်သတ် ကြွေခဲ့ရတဲ့ ရှစ်တန်းအစ်မကြီးကလည်း ကျောင်းပြောင်းသွားလို့ သူတို့ကျောင်းမှာ မရှိတော့ဘူး။ ရယ်စရာကောင်းတာတစ်ခုက သူက ထိုအစ်မကြီးကို ခုနှစ်တန်းနှစ်တစ်လျှောက်လုံးမှာ ပြိုင်ဘက်တစ်ယောက် လိုသာ သဘောထားလာခဲ့သည်ဖြစ်၍ ရှစ်တန်းတွေ ကျောင်းပြောင်းရပြီလည်း​ဆိုရော နှစ်စမှာကတည်းက သူ့ရဲ့ပျော်ရွှင်မှုဟာ ဖုံးဖိမရအောင် တရှိန်ထိုး တက်လာခဲ့ခြင်းပင်ဖြစ်သည်။

ဒါဟာ တောင်းတနေထင်ထားသလို
ကြူးရဲ့ဟော်မုန်းတွေ ပြောင်းလဲသွားတာကြောင့်လည်း မဟုတ်ခဲ့သလို၊ ကြူးတစ်ယောက် ပြုံးတတ်လာရခြင်း အဓိကအကြောင်းရင်းက သူကိုယ်တိုင်နဲ့ ပတ်သက်နေခဲ့မည် ဆိုတာကိုလည်း ထိုအချိန်ကာလတုန်းက စိတ်ကူးထဲပင် ထည့်တွေးတတ်ခဲ့မည်မဟုတ်။ တောင်းတနေရဲ့ မသိစိတ်ထဲက ခံစားချက်တွေ ပေါ်လာလိုက်၊ပျောက်သွားလိုက် အခြေအနေမှာပဲ တက်သစ်ကြူးကတော့ "တောင်းတနေလည်း သူ့ကိုချစ်နေတယ်"ဆိုတဲ့ သံသယအုတ်မြစ်လေးတစ်ခုကို နှလုံးသားထဲမှာ စတင်တည်ဆောက်နေခဲ့ပြီဖြစ်၏။

မနာလိုခြင်းနှင့် သဝန်တိုခြင်းအပြုအမူတွေကို ကြူးတစ်ယောက် ကောင်းကောင်းမခွဲခြားတတ်ခဲ့သော်လည်း တောင်းတနေကတော့ သူ့သံသယတွေကို လွယ်ကူအောင် ရှင်းလင်းပေးခဲ့မြဲ။ သူ့ခုံထဲမှာ အသည်းပုံသကြားလုံးတစ်လုံး ရှိနေကြောင်းသိလိုက်ရတိုင်း ညှိုးငယ်သွားတတ်တဲ့ မျက်နှာ၊ သကြားလုံးတွေကို လုစားတဲ့အချိန်တိုင်း ကျေကျေနပ်နပ် ပြုံးတတ်တဲ့မျက်နှာ၊ ခါတိုင်းလိုမျိုး သူများပေးတဲ့ သကြားလုံးထင်ပြီး လုစားပြီးမှ သူကိုယ်တိုင်ယူလာတဲ့ သကြားလုံးမှန်းသိလိုက်ရရော တအံ့တဩ ငြိမ်သက်သွားတဲ့ မျက်နှာ...။

ကြူး(KYUU)Where stories live. Discover now